တိုက်ကြီးခရိုင်၌ အသိပညာပေးရှင်းလင်းပွဲ ကျင်းပ
တိုက်ကြီး မေ ၂၄
ရန်ကုန်တိုင်းဒေသကြီး တိုက်ကြီးခရိုင် Placement Test
အထူးအစီအစဉ် ကျင်းပမည့် အချက်များအား အသိပေးရှင်းလင်းပွဲကို ယနေ့နံနက် ၁၀ နာရီက အခြေခံပညာနှင့်
စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်း(တိုက်ကြီး)ရှိ ဘုရင့်နောင်ခန်းမ၌ ကျင်းပသည်။
အသိပေးရှင်းလင်းပွဲသို့ တိုက်ကြီးခရိုင်အတွင်းရှိ အခြေခံပညာ
ကျောင်းများမှ ကျောင်းအုပ်ကြီးများ တက်ရောက်ပြီး ခရိုင်ပညာရေးမှူး ဒေါ်စန္ဒာဦးက
Placement Test (အထူးအစီအစဉ်) ကျင်းပ ဆောင်ရွက်ခြင်းနှင့် သက်ဆိုင်သည့် အချက်များ၊
သိရှိလိုက်နာဆောင်ရွက်ရမည့်အချက်များကို အသိပေး ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)

No comments