ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာသက်ခိုင်ဝင်း ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ဆေးရုံ၊ ကျန်းမာရေးဌာနများ ကြည့်ရှုစစ်ဆေး
နေပြည်တော် မေ ၂၂
ကျန်းမာရေး
ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာသက်ခိုင်ဝင်းသည် ယနေ့ နံနက်ပိုင်းက
ဧရာဝတီတိုင်းဒေသကြီး ညောင်တုန်းမြို့နယ် ဆားမလောက်ပြည်သူ့ဆေးရုံရှိ အရေးပေါ်နှင့်
ပြင်ပလူနာဌာန၊ ဓာတ်ခွဲခန်း၊ ခွဲစိတ်ခန်း၊ အတွင်း လူနာဆောင်များကို ကြည့်ရှု
စစ်ဆေးသည်။
ထို့နောက်
ပန်းတနော်မြို့နယ် ပြည်သူ့ဆေးရုံ၊ ကျောင်းကုန်းမြို့နယ် ပြည်သူ့ဆေးရုံတို့ကို
ကြည့်ရှု စစ်ဆေးပြီး ကုသမှုအရည်အသွေး ကောင်းမွန်စေရေးနှင့် သွေးလွန်တုပ်ကွေးရောဂါ
အပါအဝင် မိုးရာသီကာလ ဖြစ်ပေါ်နိုင်သော ကူးစက်ရောဂါများ ကာကွယ်နှိမ်နင်းရေးတို့နှင့်
စပ်လျဉ်း၍ မှာကြားသည်။
ယင်းနောက်
ကျောင်းကုန်းမြို့နယ် လက်ပန်ချောင်ကျေးလက် ကျန်းမာရေးဌာနခွဲကို ကြည့်ရှု
စစ်ဆေးပြီး ဝန်ထမ်းများအား ချီးမြှင့်ငွေများ ပေးအပ်သည်။
ဆက်လက်၍
ကန်ကြီးထောင့်မြို့နယ် ဒါးကတိုက်နယ်ဆေးရုံ၊ မြို့နယ်ပြည်သူ့ဆေးရုံတို့ရှိ
အရေးပေါ်နှင့် ပြင်ပလူနာဌာန၊ သားဖွားခန်း၊ ဓာတ်မှန်ခန်း၊ ဓာတ်ခွဲခန်းနှင့်
လူနာဆောင်များကို ကြည့်ရှုစစ်ဆေးပြီး မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနရုံး၌
ဝန်ထမ်းများနှင့် တွေ့ဆုံအမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်
No comments