မြန်မာအမျိုးသမီးများနေ့အခမ်းအနား ကျင်းပဆောင်ရွက်နိုင်ရေးနှင့် ကျေးလက်နေအမျိုးသမီးများဘဝ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံချက် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး ညှိနှိုင်း အစည်းအဝေးကျင်းပ
နေပြည်တော် မေ ၂၂
မြန်မာအမျိုးသမီးများနေ့အခမ်းအနား
ကျင်းပဆောင်ရွက်နိုင်ရေးနှင့် ကျေးလက်နေအမျိုးသမီးများဘဝ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံချက်
အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး ညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင်
အမျိုးသမီးရေးရာဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီဥက္ကဋ္ဌ
အမျိုးသမီးရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်သက်ဇင်၊ အမျိုးသမီးအဖွဲ့များမှ
ဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
အစည်းအဝေးတွင်
ပြည်ထောင်စုဝန်ကြီးက အမျိုးသမီးများနှင့် အမျိုးသမီးငယ်ရွယ်များ
ဖွံ့ဖြိုးတိုးတက်ရေးနှင့် စွမ်းဆောင်ရည်မြှင့်တင်ရေးအတွက် ကျေးလက်နေအမျိုးသမီးများနှင့်
အမျိုးသမီး ငယ်ရွယ်သူများအတွက် ပညာသင်ကြားနိုင်ရေး၊ အသက်မွေးဝမ်းကျောင်း အလုပ်အကိုင်
ရရှိနိုင်ရေး၊ နည်းမျိုးစုံနှင့် အကြမ်းဖက်မှုများ လျော့နည်းပပျောက်စေရေးတို့အတွက်
ကျေးရွာ ၆၀ ကျော်တွင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ၂၀၂၆ ခုနှစ် ဇူလိုင် ၃ ရက်တွင်
ကျရောက်မည့် မြန်မာအမျိုးသမီးများနေ့ အခမ်းအနားသည်မြန်မာနိုင်ငံလုံးဆိုင်ရာ
အမျိုးသမီးကော်မတီဖွဲ့စည်းမှု နှစ် (၃၀) ပြည့်အခမ်းအနားဖြစ်သည့်အတွက် မြန်မာအမျိုးသမီးများနေ့
အခမ်းအနားနှင့် အကြို လှုပ်ရှားမှုများကို ခမ်းခမ်းနားနား ကျင်းပပြုလုပ်သွားကြရမည်ဖြစ်ကြောင်း
ပြောကြားသည်။
ထို့နောက် မြန်မာနိုင်ငံလုံးဆိုင်ရာ
အမျိုးသမီးကော်မတီအဖွဲ့ဝင် အမျိုးသမီးအဖွဲ့ဥက္ကဋ္ဌများနှင့် အစည်းအဝေးတက်ရောက်လာသူများက
သက်ဆိုင်ရာကဏ္ဍအလိုက် ဝိုင်းဝန်းအကြံပြုဆွေးနွေးကြပြီး အစည်းအဝေးကို
ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်
No comments