တရုတ်-ထိုင်း တပ်မတော်များကြား ကြည်းတပ်ပူးတွဲစစ်ရေးလေ့ကျင့်မှု ဆောင်ရွက်မည်



ပေကျင်း   မေ  ၁၀

တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်နှင့် ထိုင်းတပ်မတော်အကြား “Strike-2026” ဟု အမည်ရသည့် ကြည်းတပ်ပူးတွဲစစ်ရေးလေ့ကျင့်ခန်းကို မေလအလယ်ပိုင်းနှင့် နှောင်းပိုင်းတွင် ဆောင်ရွက်မည်ဖြစ်ကြောင်း တရုတ်နိုင်ငံကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဂျီအန်ဘင်း က မေ ၉ ရက်တွင် ပြောကြားသည်။

အဆိုပါစစ်ရေးလေ့ကျင့်ခန်းသည် အကြမ်းဖက်မှုနှိမ်နင်းရေးဆိုင်ရာ ပူးတွဲစစ်ရေးလေ့ကျင့်ခန်း ဖြစ်ပြီး  တောင်တန်းများနှင့်တောအုပ်များအတွင်း နှစ်နိုင်ငံတပ်မတော်တပ်ဖွဲ့များက  တိုက်ပွဲအတွင်း ထိခိုက် ဒဏ်ရာရရှိသူများအား ပြုစုစောင့်ရှောက်ခြင်း၊ လူလိုက် ပါခြင်းမရှိသည့် ကာကွယ်ရေးဆိုင်ရာ ကိရိယာများကို   ထိန်းချုပ်၍  လုပ်ငန်းဆောင်ရွက်ခြင်းနှင့် ကျည်အစစ်ဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းကို လေ့ကျင့်ဆောင်ရွက်မည်ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။

ယခုစစ်ရေးလေ့ကျင့်ခန်းသည်(၈)ကြိမ်မြောက်ဆောင်ရွက်ခြင်းဖြစ်ကာ နှစ်နိုင်ငံတပ်မတော်များ အကြား ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှုကို ခိုင်မာစေရေးနှင့် တပ်ဖွဲ့များ၏ အကြမ်းဖက်မှု နှိမ်နင်းရေးစွမ်းပကားကို  မြှင့်တင်ရန်ဆောင်ရွက်ခြင်းဖြစ်ကြောင်း  ၎င်းက ဆက်လက်ပြောကြား သည်။

ကိုးကား - ဆင်ဟွာ

ဘာသာပြန် - စိုးသူရ

No comments

Powered by Blogger.