မွန်ပြည်နယ်တရားလွှတ်တော်တရားသူကြီး မော်လမြိုင်မြို့ပေါ်ရှိ ရဲစခန်း၊ အချုပ်ခန်းများ ကြည့်ရှုစစ်ဆေး
မော်လမြိုင် မေ ၁၂
မွန်ပြည်နယ်တရားလွှတ်တော် တရားသူကြီး
ဒေါက်တာ အောင်သီဟသည် ပြည်နယ်တရားရေးဦးစီးမှူး ဦးသိန်းထိုက်ဦး၊ မော်လမြိုင်ခရိုင် တရားသူကြီး
ဒေါ်စမ်းသီတာအောင်၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက မော်လမြိုင်မြို့ပေါ်ရှိ
ဇေယျာသီရိ နယ်မြေရဲစခန်း၊ စက်မှုဇုန်နယ်မြေ ရဲစခန်း၊ စစ်ကဲကုန်းနယ်မြေရဲစခန်း၊ အချုပ်ခန်းများကို
ကြည့်ရှုစစ်ဆေးသည်။
ပြည်နယ် တရားလွှတ်တော် တရားသူကြီးနှင့်
တာဝန်ရှိသူများသည် အချုပ်စခန်းအတွင်း အချုပ်သား အချုပ်သူများ နေထိုင်သည့် အဆောင်များ၊
နေထိုင်စားသောက်မှုနှင့် ကျန်းမာရေးစောင့်ရှောက်မှုတို့ကို လှည့်လည်ကြည့်ရှု၍ ၎င်းတို့၏
ဥပဒေပါအခွင့်အရေးများ ရရှိခြင်း ရှိ/မရှိ၊ နေရာထိုင်ခင်း အဆင်ပြေမှု ရှိ/မရှိ၊ စားသောက်ရာတွင်
အာဟာရသင့်တင့်မျှတမှု ရှိ၊ မရှိနှင့် ကျန်းမာရေးစောင့်ရှောက်မှု ရ/မရ အခြေအနေများကို
ကြည့်ရှုစစ်ဆေးမေးမြန်းပြီး လိုအပ်ချက်များ ဆောင်ရွက်ပေးရန် တာဝန်ရှိသူများအား မှာကြားခဲ့ကြောင်း
သိရသည်။
စည်သူ(ပြန်/ဆက်)

No comments