မိတ္ထီလာလွင်ပြင် ရေတင်စီမံကိန်းမှ စိုက်ပျိုးရေပေးဝေနေမှု ကြည့်ရှု
မိတ္ထီလာ မေ ၃၁
မန္တလေးတိုင်းဒေသကြီး စိုက်ပျိုးရေး၊
မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးလှမျိုးသည် မိတ္ထီလာခရိုင်အတွင်း စိုက်ပျိုးရေရရှိရေး
ဆောင်ရွက်နေသော မိတ္ထီလာလွင်ပြင် ရေတင်စီမံကိန်းမှ စိုက်ပျိုးရေပေးဝေနေမှုကို ယမန်နေ့က
ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ ကြည့်ရှုစစ်ဆေးခဲ့ရာ ဆည်မြောင်းနှင့်
ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန (ရေအရင်းအမြစ်)မှ ဒုတိယညွှန်ကြားရေးမှူးက မိတ္ထီလာလွင်ပြင်တွင်
စိုက်ပျိုးဧက ၅၀၀၀ ရေပေးဝေနိုင်ရန် ဆောင်ရွက်ပြီးဖြစ်၍ စိုက်ပျိုးဧက ၈၀၀၀ အထိ တိုးချဲ့ရေပေးဝေနိုင်ရန်
ဆောင်ရွက်လျက်ရှိကြောင်း၊ မိတ္ထီလာခရိုင်အတွင်း ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်တွင် ဆိုလာစနစ်
ရေတင်စီမံကိန်းလေးခု ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ မိုးကောင်းသောက် စိုက်ပျိုးဧရိယာမြေ
ဧက ၃၉၅၀ စိုက်ပျိုးရေ လုံလောက်စွာ ရရှိစေမည် ဖြစ်ကြောင်း၊ ဆည်မြောင်းနှင့် ရေအသုံးချမှု
စီမံခန့်ခွဲရေးဦးစီးဌာန (ထိန်းသိမ်းရေး)မှ ဦးစံမင်းထွန်းက စံမုံရေငုတ်ပြွန်လုပ်ငန်း
ဆောင်ရွက်နေမှုအခြေအနေနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြရာ မန္တလေးတိုင်းဒေသကြီး စိုက်ပျိုးရေး၊
မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးက စိုက်ပျိုးဧက တိုးတက်ရရှိရန်၊ သီးထပ်၊ သီးညှပ်
တစ်နှစ်လျှင် အနည်းဆုံး နှစ်သီးစိုက်ပျိုးရန်၊ ပန်းတိုင်အထွက်နှုန်းရရှိရေး ဆောင်ရွက်သွားရန်
မှာကြားခဲ့ကြောင်း သိရသည်။
သိန်းမြင့်ကျော်(မိတ္ထီလာ)

No comments