သုံးခွမြို့နယ်၌ တောင်သူအသိပညာပေး ဆွေးနွေးပွဲ ပြုလုပ်
ရန်ကုန် မေ ၁၃
ရန်ကုန်တိုင်းဒေသကြီး သုံးခွမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန မြို့နယ် ဦးစီးမှူးရုံးတွင် ပန်းတိုင် အထွက်နှုန်းရရှိရေး တောင်သူ အသိပညာပေး ဆွေးနွေးပွဲကို မေ ၁၁ ရက် နံနက်ပိုင်းက ကျင်းပသည်။
ဦးစွာ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးမျိုးသန်းက တောင်သူများ စပါးမျိုးကောင်း မျိုးသန့်များ အသုံးပြုနိုင်ရန်နှင့် ပန်းတိုင်အထွက်နှုန်း ရရှိစေရေးအတွက် သဘာဝမြေသြဇာနှင့် ဓာတ်မြေသြဇာသွင်းအားစုများကို အလွယ်တကူ ဝယ်ယူသုံးစွဲနိုင်ရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ မိုးစပါးနှင့် ဆောင်းသီးနှံများကို နိုင်ငံ့စီးပွား မြှင့်တင်ရေးရန်ပုံငွေဖြင့် ရယူဆောင်ရွက်ပြီး သီးနှံများ ပန်းတိုင်အထွက်နှုန်း ရရှိအောင် ဆောင်ရွက်ရမည် ဖြစ်ကြောင်း ပြောကြားသည်။
ဆက်လက်၍ မြို့နယ်သမ ဝါယမဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ကေသီမြတ်လှိုင်နှင့် မြို့နယ် ထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်အေးစန္ဒာဝင်း တို့က တောင်သူများတွေ့ကြုံရသည့် အခက်အခဲများကို ပူးပေါင်း ပါဝင်ဖြေရှင်းပေးနိုင်ရေး ရှင်းလင်း ပြောကြားခဲ့ကြောင်း သိရသည်။
စည်သူလင်း(ပြန်/ဆက်)
.jpg)
No comments