သထုံမြို့နယ်၌ လူသုံးကုန်ထုတ်လုပ်မှု နည်းပညာသင်တန်းဖွင့်



သထုံ မေ ၄

 

မွန်ပြည်နယ် အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာနက ကြီးမှူး၍ပြုလုပ်သည့် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု လူသုံးကုန်ထုတ်လုပ်မှု နည်းပညာသင်တန်းဖွင့်ပွဲကို ယနေ့နံနက်ပိုင်းက သထုံမြို့၌ ကျင်းပသည်။

 

ဦးစွာ နယ်မြေခံတပ်နယ်မှ ဗိုလ်မှူးကြီး သော်ဇင်စိုးက သင်တန်းဖွင့် အမှာစကားပြောကြားပြီး ခရိုင်အသေးစား စက်မှုလက်မှု လုပ်ငန်းဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးခွန်ထွန်းထွန်းလှက သင်တန်းဖွင့်လှစ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။

 

ယင်းနောက် ဗိုလ်မှူးကြီး သော်ဇင်စိုးနှင့် ခရိုင်အသေးစား စက်မှုလက်မှုလုပ်ငန်း ဦးစီးဌာနမှူးတို့က သင်တန်းသုံး ကုန်ကြမ်းပစ္စည်းများပေးအပ်ရာ သင်တန်းသူများက လက်ခံရယူသည်။

အဆိုပါသင်တန်းတွင် ဘက်စုံသုံး ဆပ်ပြာဆီ၊ အဝတ်လျှော်ဆပ်ပြာ ဆီ၊ ရေချိုးဆပ်ပြာဆီ၊ ခေါင်းလျှော် ရည်အမျိုးမျိုး၊ လက်ဆေးဆပ်ပြာ ဆီ၊ ပန်းကန်ဆေးဆပ်ပြာဆီ၊ ဆပ်ပြာခဲအမျိုးမျိုးတို့ ပြုလုပ်နည်း များကို မေ ၄ ရက်မှ ၈ ရက်အထိ စာတွေ့၊ လက်တွေ့ သင်ကြားပို့ချ မည်ဖြစ်ပြီး သင်တန်းသူ ၂၀ တက်ရောက်ကြကြောင်း သိရ သည်။

 ခရိုင်(ပြန်/ဆက်)

No comments

Powered by Blogger.