သံဖြူဇရပ်မြို့နယ် မီးသတ်စခန်းရှေ့၌ မြေစိုက်ပိုစတာစိုက်ထူ၊ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်



သံဖြူဇရပ် မေ ၄

 

မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ်၌ နှစ်(၈၀)ပြည့် မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မြေစိုက်ပိုစတာစိုက်ထူခြင်းကို မေ ၄ ရက် နံနက်ပိုင်းက သံဖြူဇရပ်မြို့နယ် မီးသတ်ဦးစီးဌာနစခန်းရှေ့၌ ဆောင်ရွက်သည်။

 

တက်ရောက်

 

မြေစိုက်ပိုစတာစိုက်ထူရာတွင် မြို့နယ်မီးသတ်ဦးစီးဌာန ဦးစီးအရာရှိ ဦးအောင်​ကျော်ထွေးက အောင်သပြေပန်းခက်ဖြင့် အမွှေးနံ့သာများ ပက်ဖျန်းပေးပြီး မြို့နယ်မီးသတ်ဦးစီးမှူး၊ သန္ဓေတပ်ဖွဲ့ဝင်များနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်များ တက်ရောက်ကြသည်။

 

ထို့နောက် ပြည်သူ့အကျိုးပြုလုပ်ငန်းအဖြစ် အောင်သာယာရပ်ကွက် မနောသိဒ္ဓိအောင်စေတီတော်အား စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ခြင်းနှင့် ဘိုးဘွားရိပ်သာရှိ ဘိုးဘွားများအား တစ်နေ့တာအာဟာရ လှူဒါန်းခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

 

မြို့နယ်(ပြန်/ဆက်)

No comments

Powered by Blogger.