လပွတ္တာမြို့၌ တိရစ္ဆာန်စွန့်ပစ်ပစ္စည်းမှ သဘာဝမြေသြဇာပြုလုပ်ခြင်း သင်တန်းဖွင့်လှစ်
လပွတ္တာ မေ ၄
ဧရာဝတီတိုင်းဒေသကြီး လပွတ္တာမြို့နယ် မွေးမြူရေးနှင့်
ကုသရေးဦးစီးဌာနမှ အစိုးရသစ် ရက်(၁၀၀) စီမံချက်အဖြစ် တိရစ္ဆာန်စွန့်ပစ်ပစ္စည်းမှ သဘာဝမြေသြဇာပြုလုပ်ခြင်းသင်တန်းကို
လပွတ္တလုတ်တောင်ကျေးရွာ၌ ယနေ့နံနက် ၁၁ နာရီက ပြုလုပ်သည်။
ရှင်းလင်းပြောကြား
အခမ်းအနားတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်
အုပ်ချုပ်ရေး ကော်မတီဥက္ကဋ္ဌ ဦးစံရင်မော်နှင့် အဖွဲ့ဝင် ဦးနိုင်ဦးတို့က အမှာစကားပြောကြားပြီး
ခရိုင်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာနွယ်နွယ်အောင်က
ဌာနအနေဖြင့် အစိုးရသစ် ရက်(၁၀၀)စီမံချက် အဖြစ် လုပ်ငန်းခြောက်မျိုး ဆောင်ရွက်သွားမည့်
အခြေအနေနှင့် မြို့နယ်ဦးစီးမှူး ဒေါက်တာ အောင်ရွှေထွန်းက သင်တန်းဖွင့်လှစ်သည့် ရည်ရွယ်ချက်ကို
ရှင်းလင်းပြောကြားသည်။
သင်တန်းတွင် တစ်နိုင်တစ်ပိုင် မွေးမြူသူ တောင်သူ
၂၀ အား သဘာဝမြေသြဇာပြုလုပ်နည်း စာတွေ့လက်တွေ့ သင်ကြားပေးကာ မွေးမြူရေးခြံဆေးဖျန်းခြင်း၊
မေထုန်မဲ့သားစပ်ခြင်းနှင့် ကူးစက်ရောဂါ အသိပညာပေးခြင်းများဆောင်ရွက်၍ ကာကွယ်ဆေးများ
ထိုးနှံပေးခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)

No comments