ခုနစ်နှစ်တာကာလအတွင်း အီသီယိုးပီးယားနိုင်ငံ၏ လျှပ်စစ်ဓာတ်အားထုတ်လုပ်နိုင်မှု နှစ်ဆကျော် မြင့်တက်လာ



အဒစ္စအဘာဘာ  မေ 

အီသီယိုးပီးယားနိုင်ငံသည် ဆယ်စုနှစ်တစ်စု မပြည့်မီအတွင်း လျှပ်စစ်ဓာတ်အားထုတ်လုပ်နိုင်စွမ်း ကို နှစ်ဆကျော်အထိ တိုးမြှင့်ထုတ်လုပ်နိုင်ပြီဖြစ်ကြောင်း အီသီယိုးပီးယားလျှပ်စစ်ဓာတ်အား လုပ်ငန်း(အီးအီးပီ) ၏ ထုတ်ပြန်ချက်အရ  သိရသည်။ 

အီသီယိုးပီးယားနိုင်ငံသည် လွန်ခဲ့သည့် ခုနစ်နှစ်အတွင်း လျှပ်စစ်ဓာတ်အားထုတ်လုပ်နိုင်စွမ်းကို ၄၄၆၂  မီဂါဝပ်မှ ၉၇၅၂ မီဂါဝပ်အထိ  သိသိသာသာတိုးချဲ့နိုင်ခဲ့ပြီး    အာဖရိက၏  ထိပ်တန်းရောက်    ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ဗဟိုချက်ဖြစ်လာခဲ့ကြောင်း နိုင်ငံပိုင်အီသီယိုးပီးယားသတင်းဌာနက အီးအီးပီ၏ ထုတ်ပြန်ချက်ကို မေ ၂ ရက်တွင် ကိုးကားဖော်ပြထားသည်။ 

အခြေခံအဆောက်အအုံများ ကျယ်ကျယ်ပြန့်ပြန့်ဖွံ့ဖြိုးတိုးတက်လာမှုကြောင့် မကြာသေးမီနှစ်များ အတွင်း  တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် လျှပ်စစ်ဓာတ်အားရရှိမှုမှာလည်း   ၄၄   ရာခိုင်နှုန်းမှ   ၅၄    ရာခိုင်နှုန်းခန့်အထိ မြင့်တက်လာကြောင်း အီးအီးပီ၏ ဆက်သွယ်ရေးညွှန်ကြားရေးမှူး မိုဂတ်စ်မက် ခွန်နန်က ပြောသည်။

အီးအီးပီက ထုတ်ပြန်သော အချက်အလက်များအရ  လက်ရှိတွင်   ရေအားလျှပ်စစ်က  နိုင်ငံ၏ လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုတွင် အဓိကအများဆုံးဖြစ်ပြီး လေအားလျှပ်စစ်မှ ငါးရာခိုင်နှုန်းနီးပါး နှင့် ဘူမိအပူစွမ်းအင်မှ ၁ ရာခိုင်နှုန်းအောက် အသုံးပြုထုတ်လုပ်လျက်ရှိကြောင်း သိရသည်။  

ဆင်ဟွာ

No comments

Powered by Blogger.