ဒလမြို့နယ်၌ လူရည်ချွန်ကျောင်းသားအား ဂုဏ်ပြုကြိုဆို

 



ရန်ကုန် မေ ၁၂


ရန်ကုန်တိုင်းဒေသကြီး ဒလမြို့နယ် ဟာမိုနီကိုယ်ပိုင်အထက် တန်းကျောင်းတွင် ၂၀၂၆ ပညာသင်နှစ် လူရည်ချွန်ရရှိသော မောင်ဇွဲခန့်လွင်အား ယနေ့နံနက်ပိုင်းက ဂုဏ်ပြုကြိုဆိုခဲ့ကြသည်။


ဂုဏ်ပြုပွဲတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့ အဖွဲ့ဝင်ဦးရွှေလှိုင်က အမှာစကားပြောကြားပြီး ဒုတိယ မြို့နယ်ပညာရေးမှူး ဒေါ်စမ်းစမ်းမာက ဂုဏ်ပြုချီးမြှင့်စကား ပြောကြားသည်။ ဆက်လက်၍ ၂၀၂၆ ပညာသင်နှစ် လူရည်ချွန် ထူးချွန်ဆုရရှိသော Grade-10 ကျောင်းသား မောင်ဇွဲခန့်လွင်အား ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြုချီးမြှင့်ငွေကျပ် ၁၀ သိန်းကို ဟာမိုနီကိုယ်ပိုင်အထက်တန်းကျောင်း ကျောင်းအုပ်ဆရာကြီး ဦးဘုန်းကြွယ်ဇံနှင့် တာဝန်ရှိသူများက ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။


ခင်စန္ဒာမြင့်(ပြန်/ဆက်)

No comments

Powered by Blogger.