မင်းလှမြို့၌ မိုးစပါးစိုက်ပျိုးစရိတ်ချေးငွေများ တိုးမြှင့်ထုတ်ချေးပေး
မင်းလှ မေ ၁၂
ပဲခူးတိုင်းဒေသကြီး မင်းလှမြို့နယ်
မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲက မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများ တိုးမြှင့်ထုတ်ချေးပေးခြင်းကို
ယနေ့နံနက်ပိုင်းက ပြုလုပ်ရာ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ
ဦးမျိုးတင့်ထူးက အမှာစကားပြောကြားသည်။ ထို့နောက် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ
မြို့နယ်မန်နေဂျာ ဒေါ်အေးအေးမှုံက စိုက်ပျိုးစရိတ်များ တိုးမြှင့်ထုတ်ချေးပေးရခြင်းအကြောင်းနှင့်
ချေးငွေများထုတ်ယူရာတွင် လိုက်နာရမည့် စည်းကမ်းများကို ရှင်းလင်းပြောကြားသည်။
ယင်းနောက် ကျေးရွာအုပ်စုပေါင်း ၅၆ အုပ်စုမှ
မိုးစပါးစိုက်ပျိုးစရိတ် အစောဆုံးအကျေပေးဆပ်နိုင်သည့် သာယာကုန်းကျေးရွာအုပ်စုနှင့်
ရွှေဝါမြိုင်ကျေးရွာအုပ်စုတို့ရှိ တောင်သူ ၁၃၄ ဦး၏ ဧကပေါင်း ၉၈၆ ဧက အတွက် တစ်ဧလျှင် ငွေကျပ်သုံးသိန်းနှုန်းဖြင့်
ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။
ပေါက်စ(မင်းလှ)

No comments