အောင်လံမြို့နယ်၌ မွေးမြူရေးပညာပေးသင်တန်း ဖွင့်လှစ်

 


အောင်လံ မေ ၇

 

မကွေးတိုင်းဒေသကြီး အောင်လံမြို့နယ်တွင် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနက အစိုးရသစ်၏ ရက် (၁၀၀) စီမံချက်ဖြင့် မွေးမြူရေးပညာပေးသင်တန်းကို မေ ၅ ရက်တွင် အဆိုပါဦးစီးဌာနရုံး၌ ဖွင့်လှစ်သည်။

 

သင်တန်းဖွင့်ပွဲအခမ်းအနားတွင် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါက်တာ အိသန္တာက အမှာစကားပြောကြားပြီး မြို့နယ်ဦးစီးမှူး ဒေါက်တာ စန္ဒာဝင်းက သင်တန်းဖွင့်လှစ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားကာ သင်တန်းကိုဖွင့်လှစ်ပေးသည်။

 

အဆိုပါသင်တန်းကို မေ ၅ ရက်မှ ၇ ရက်အထိ ပို့ချသွားမည်ဖြစ်ပြီး မွေးမြူရေးလုပ်ငန်း ဆောင်ရွက်နေသည့် သင်တန်းသား သင်တန်းသူ စုစုပေါင်း ၂၀ အား သင်တန်းတွင် တစ်နိုင်တစ်ပိုင် မွေးမြူရေးမှ စီးပွားဖြစ် တိုးချဲ့မွေးမြူနိုင်ရေး နည်းလမ်းများ၊ လွှတ်ကျောင်းမွေးမြူသည့်စနစ်မှ ခြံလှောင်မွေးမြူသည့်စနစ်သို့ ပြောင်းလဲမွေးမြူနိုင်ရေး နည်းစနစ်များ၊ တိရစ္ဆာန်အစာ ကျွေးမွေးခြင်းနှင့် ကူးစက်ရောဂါ ကာကွယ်ဆေးထိုးနှံခြင်း၊ ပြည်သူလူထုအတွင်း အသိပညာပေးခြင်း လုပ်ငန်းများ စသည်တို့ကို ပို့ချမည်ဖြစ်ကြောင်း သိရသည်။

အာကာ(ပြန်/ဆက်)

No comments

Powered by Blogger.