တံတားဦးမြို့နယ်၌ သဘာဝမြေဩဇာထုတ်လုပ်နည်းသင်တန်းဖွင့်
တံတားဦး မေ ၇
မန္တလေးတိုင်းဒေသကြီး တံတားဦးမြို့နယ်
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ် ရက်(၁၀၀) စီမံချက်ဖြင့်
အသက်မွေးဝမ်းကျောင်း အထောက်အကူပြု သဘာဝမြေဩဇာ ထုတ်လုပ်နည်းသင်တန်းဖွင့်ပွဲကို ယမန်နေ့နံနက်ပိုင်းက
အုတ်ကျွတ်ဖိုကျေးရွာ၌ ပြုလုပ်သည်။
ဦးစွာ တံတားဦးခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌက
အမှာစကားပြောကြားပြီး တံတားဦးခရိုင်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး
ဒေါ်ခင်မာစန်းက သင်တန်းဖွင့်လှစ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
ထို့နောက် တံတားဦးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ
မြို့နယ်ဦးစီးမှူး ဒေါ်ချောယဉ်စုက သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များနှင့် အကျိုးကျေးဇူးများကို
ရှင်းလင်းပြောကြားသည်။
အဆိုပါ သင်တန်းကို အုတ်ကျွတ်ဖိုကျေးရွာမှ
သင်တန်းသား သင်တန်းသူ ၂၀ တက်ရောက်ကြပြီး ကျွမ်းကျင်နည်းပြ ဆရာများက သဘာဝမြေဩဇာ ထုတ်လုပ်နည်း
သင်ခန်းစာများကို မေ ၆ ရက်မှ ၈ ရက်အထိ သုံးရက်ကြာ စာတွေ့၊ လက်တွေ့ အခမဲ့သင်ကြားပို့ချပေးမည်ဖြစ်ကြောင်း
သိရသည်။
ဖြိုးကျော် (ပုံတောင်မြေ)

No comments