ကရင်ပြည်နယ် ၂၀၂၆-၂၀၂၇ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့ အထိမ်းအမှတ် မြေစိုက်ပိုစတာစိုက်ထူ
ဘားအံ မေ ၂၁
ပညာရေးဝန်ကြီးဌာန၏ ၂၀၂၆-၂၀၂၇ ပညာသင်နှစ်
ကျောင်းအပ်နှံရေးနေ့ အထိမ်းအမှတ် မြေစိုက်ပိုစတာစိုက်ထူပွဲကို ယနေ့နံနက်ပိုင်းက ဘားအံမြို့
အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းရှေ့၌ ကျင်းပသည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက
ကျောင်းအပ်နှံရေး မြေစိုက်ပိုစတာဆိုင်းဘုတ်ကို စက်ခလုတ်နှိပ် ဖွင့်လှစ်ပေးပြီး ပြည်သူများကို
၂၀၂၆-၂၀၂၇ ပညာသင်နှစ် ကျောင်းနေအရွယ် ကလေးအားလုံး ကျောင်းအပ်နှံနိုင်ရေး နှိုးဆော်လွှာ
လက်ကမ်းစာစောင်များကို ဖြန့်ဝေပေးသည်။
ထို့နောက် မြန်မာ့စီးပွားရေးဘဏ်(ဘားအံဘဏ်ခွဲ)၌
နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအား ပင်စင်လစာငွေများ ထုတ်ပေးနေမှု၊ ပင်စင်စားများအား
သက်သာသောနှုန်းထားဖြင့် ဆန်နှင့်စားဆီများ ရောင်းချပေးနေမှု၊ ကျန်းမာရေးစောင့်ရှောက်မှုများ
ဆောင်ရွက်ပေးနေမှုများကို ကြည့်ရှုအားပေးကာ အငြိမ်းစားဝန်ထမ်းများအား အားဖြည့်အချိုရည်များဝေငှပေးသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)

No comments