အီသီယိုးပီးယားလေကြောင်းလိုင်းသည် နှစ်စဉ်ခရီးသည် သန်း ၂၀ ကျော်ကို ပို့ဆောင်ပေးနိုင်



အဒစ္စအဘာဘာ မေ ၂၄

အီသီယိုးပီးယားလေကြောင်းလိုင်းသည် အာဖရိကအတွင်း ထိပ်တန်းလေကြောင်းလိုင်းအဖြစ်  ကြီးထွားလာခဲ့ပြီး  လွန်ခဲ့သည့်ရှစ်နှစ်အတွင်း   ခရီးသည်အရေအတွက်  ၈၀   ရာခိုင်နှုန်းတိုးလာ ကြောင်း အမှုဆောင်အရာရှိချုပ်  မက်စ်ဖင် တက်စ်ဆော်က  မေ ၂၂ ရက်တွင် ပြောကြားသည်။ 

အမျိုးသားလေကြောင်းလိုင်းသည် ယခုအခါ ခေတ်မီလေယာဉ် ၁၄၇ စင်းရှိ၍ တိုက်ကြီးငါးခုကို ပြေးဆွဲလျက်ရှိပြီး နိုင်ငံတကာခရီးစဉ် ၁၄၅ ခုကို ဝန်ဆောင်မှုပေးလျက်ရှိကြောင်း နိုင်ငံ၏မြို့တော် အဒစ္စ အဘာဘာ၌ လေကြောင်းလိုင်း၏ နှစ်(၈၀)မြောက် နှစ်ပတ်လည် တစ်လ ကြာအခမ်းအနား၏ ပိတ်ပွဲအခမ်းအနားတွင် ၎င်းကပြောကြားသည်။

လွန်ခဲ့သည့်ရှစ်နှစ်အတွင်း ခရီးသည်အရေအတွက်မှာ ၈၀ ရာခိုင်နှုန်းအထိ များပြားလာခဲ့ပြီး ကုန်တင်ဝန်ဆောင်မှုများမှာ ၉၇ ရာခိုင်နှုန်း တိုးလာကြောင်း၊ နှစ်စဉ်ဝင်ငွေမှာ ၁၂၀ ရာခိုင်နှုန်းအထိ တိုးလာခဲ့ပြီး အကျိုးအမြတ်မှာ သုံးဆတိုးပွားလာခဲ့ကြောင်း ၎င်းက ဆက်လက်ပြော ကြားသည်။ ဆက်လက်၍ အဆိုပါလေကြောင်းလိုင်းသည် ယခုအခါ နှစ်စဉ်ခရီးသည် သန်း ၂၀ ကျော်ကို ပို့ဆောင်ပေးနိုင်ခဲ့ကြောင်း သိရသည်။

အီသီယိုးပီးယားနိုင်ငံ အဒစ္စအဘာဘာ ဘိုလီအပြည်ပြည်ဆိုင်ရာလေဆိပ်သည် ခရီးသည် ဝန်ဆောင်မှုပေးနိုင်သည့်ပမာဏမှာ လွန်ခဲ့သည့်ရှစ်နှစ်က ကိုးသန်းမှ  ၂၅ သန်း အထိတိုးလာကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

၂၀၃၄ ခုနှစ်တွင် လေကြောင်းလိုင်းသည်   ခေတ်မီလေယာဉ်သစ် ၁၁၇ စင်း ထပ်တိုးရန်စီစဉ်ထားပြီး နှစ်စဉ်ဝင်ငွေ အမေရိကန်ဒေါ်လာ ၂၀ ဒသမ ၆ ဘီလီယံအထိ တိုးမြင့်လာရန်စီစဉ်လျက်ရှိကြောင်း အီသီယိုး ပီးယားလေကြောင်းလိုင်းစီမံခန့်ခွဲရေးဘုတ်အဖွဲ့ဥက္ကဋ္ဌ ရီလ်မာ မာဒါဆာက ပြောကြား သည်။

ဆင်ဟွာ

No comments

Powered by Blogger.