မြောက်ဥက္ကလာပမြို့နယ်၌ အခြေခံစာရင်းရေး၊ စာရင်းကိုင်သင်တန်း ဖွင့်လှစ်

 


ရန်ကုန် မေ ၁၂

 

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ရန်ကုန်တိုင်းဒေသကြီး မြောက်ဥက္ကလာပမြို့နယ် သမဝါယမဦးစီးဌာနက ရက်(၁၀၀) စီမံချက်ဖြင့် သမဝါယမအသင်းအမှုဆောင်များနှင့် အသင်းဝန်ထမ်းများအား အခြေခံစာရင်းရေး၊ စာရင်းကိုင်သင်တန်းကို မြို့နယ်သမဝါယမအသင်းစု လီမိတက်ရုံးခန်းမ၌ ယနေ့နံနက် ၉ နာရီက ကျင်းပသည်။

 

သင်တန်းဖွင့်လှစ်ပို့ချ

အခမ်းအနားတွင် သမဝါယမဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်အေးအေးနိုင်က ရက်(၁၀၀)စီမံချက်ဖြင့် သမဝါယမအသင်းအမှုဆောင်များနှင့် အသင်းဝန်ထမ်းများအား အခြေခံစာရင်းရေး၊ စာရင်းကိုင်သင်တန်း ဖွင့်လှစ်ပို့ချပေးရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။

 

အဆိုပါ သင်တန်းသို့ မြို့နယ်အတွင်းရှိ အသင်းအမှုဆောင်များနှင့် အသင်းဝန်ထမ်းများ စုစုပေါင်း ၆၈ ဦး တက်ရောက်သင်ယူမည်ဖြစ်ပြီး သင်တန်းကာလမှာ မေ ၁၂ ရက်မှ ၂၂ ရက်အထိ ၁၁ ရက်ကြာ သင်ကြားပို့ချပေးမည်ဖြစ်ကြောင်း သိရသည်။

သက်လွင်စိုး(ပြန်/ဆက်)

No comments

Powered by Blogger.