မလေးရှားခရီးသွားလုပ်ငန်းနှင့် စင်ကာပူလေကြောင်းလိုင်းတို့ပူးပေါင်းပြီး ခရီးသွားဝင်ရောက်မှု မြှင့်တင်မည်



ကွာလာလမ်ပူ  မေ   ၂၆

မလေးရှားခရီးသွားလုပ်ငန်းအဖွဲ့နှင့်   စင်ကာပူလေကြောင်းလိုင်းတို့သည်  Visit Malaysia 2026 လှုပ်ရှားမှုမတိုင်မီ နှစ်နိုင်ငံကြား ခရီးသွားလုပ်ငန်းပူးပေါင်းဆောင်ရွက်မှု အားကောင်းစေရန်နှင့် လေကြောင်းချိတ်ဆက်မှုများ မြှင့်တင်ရန် နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးခဲ့ကြောင်း မလေးရှားခရီးသွားလုပ်ငန်း မြှင့်တင်ရေးအေဂျင်စီက မေ ၂၆ ရက်တွင် ပြောသည်။

ပူးပေါင်းဆောင်ရွက်မှုသည် စင်ကာပူနိုင်ငံမှတစ်ဆင့်  ဒေသတွင်း လေကြောင်းဗဟိုချက် ချိတ်ဆက် မှုများကို အားကောင်းစေခြင်းဖြင့်    မလေးရှားနိုင်ငံ၏ လေကြောင်းနှင့် ခရီးသွားလုပ်ငန်း ပြန်လည်     ဦးမော့လာစေရန် အထောက်အကူပြုလိမ့်မည်ဟု မျှော်လင့်ရသည်။ ယခုလတွင် စတင်အသက်ဝင် မည့် တစ်နှစ်သက်တမ်းရှိ အဆိုပါသဘော တူညီချက်သည် မလေးရှားနိုင်ငံသို့ ကမ္ဘာလှည့်ခရီးသွား များ ပိုမိုဝင်ရောက်စေရန် ပူးတွဲဈေးကွက်ရှာဖွေရေးနှင့် ခရီးသွားလာမှုမြှင့်တင်ရေး     အစီအစဉ် အပေါ် အဓိကထားဆောင်ရွက်သွားမည်ဖြစ်သည်။

ယခုပူးပေါင်းဆောင်ရွက်မှုသည် Visit  Malaysia  2026 လှုပ်ရှားမှုအရှိန်ကို ပိုမိုအားကောင်း လာစေရန်နှင့် ၂၀၂၇ ခုနှစ်အထိ ခရီးသွားကဏ္ဍ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်စေရန် အထောက် အကူပြုရန် မျှော်မှန်းထားကြောင်း သိရသည်။                       

ဆင်ဟွာ

No comments

Powered by Blogger.