စက်သုံးဆီဈေးနှုန်းမြင့်တက်မှုကြောင့် ဩစတြေးလျစီးပွားရေးလုပ်ငန်းများ အခက်အခဲများနှင့် ရင်ဆိုင်နေရ
ကင်ဘာရာ မေ ၂၆
ဩစတြေးလျနိုင်ငံ၏ စီးပွားရေးလုပ်ငန်းများသည် စက်သုံးဆီဈေးနှုန်းများ မြင့်တက်လာမှုနှင့် ကုန်စည်စီးဆင်းမှု နှောင့်နှေးကြန့်ကြာမှုများကြောင့် အခက်အခဲများနှင့် ရင်ဆိုင်နေရပြီး ယင်း အခြေအနေများကြောင့်
စီးပွားရေးလုပ်ငန်း ၇၂ ရာခိုင်နှုန်းအထိ ဆိုးကျိုးသက်ရောက်မှုများ ရှိနေ ကြောင်း မေ
၂၆ ရက်တွင် ဖော်ပြသော တရားဝင်အချက်အလက်များအရ
သိရသည်။
စီးပွားရေးဆိုင်ရာအခြေအနေများနှင့်
အလားအလာစစ်တမ်းအချက်အလက်များက အဓိကရေနံ သယ်ယူပို့ဆောင်ရေးလမ်းကြောင်းဖြစ်သည့် ဟော်မုဇ်ရေလက်ကြားကို ပိတ်လိုက်ခြင်းကြောင့် ဩစတြေးလျစီးပွားရေးလုပ်ငန်းများအပေါ် ကျရောက်လာသည့် စီးပွားရေးဆိုင်ရာ အကျပ်အတည်း များကို ဖော်ပြနေသည်ဟု ဩစတြေးလျစာရင်းအင်းဌာန စီးပွားရေးဆိုင်ရာ
စာရင်းအင်းအကြီးအကဲ တွမ်လေးက ပြောသည်။
စီးပွားရေးလုပ်ငန်း ၃၆ ရာခိုင်နှုန်းခန့်မှာ ပြီးခဲ့သည့် သီတင်းလေးပတ်အတွင်း ဝင်ငွေကျဆင်းမှုများ
ရှိကြောင်း၊ ထို့ပြင် ၂၇ ရာခိုင်နှုန်းမှာလည်း လာမည့်လအတွင်း ထပ်မံကျဆင်းသွားဖွယ်ရှိကြောင်း
ဩစတြေးလျစာရင်းအင်းဌာနက ပြောသည်။
စီးပွားရေးလုပ်ငန်း ၂၈ ရာခိုင်နှုန်းခန့်သည်
အရေးမကြီးသော ခရီးသွားလာမှုနှင့် ဝန်ထမ်းအင်အားကို လျှော့ချခြင်းအပါအဝင် လုပ်ငန်းခွင်အင်အားစုများကို
ပြောင်းလဲမှုများ လုပ်ဆောင်ခဲ့ကြကြောင်း သိရသည်။
ဆင်ဟွာ

No comments