မကွေးခရိုင် စိုက်ပျိုးရေးဦးစီးဌာနရုံး၌ ငွေနှင်းမှိုစိုက်ပျိုးပြုစုစောင့်ရှောက်နည်း သင်တန်းဖွင့်လှစ်
မကွေး မေ ၂၆
မကွေးတိုင်းဒေသကြီး မကွေးခရိုင် စိုက်ပျိုးရေးဦးစီးမှူးရုံး၌ “ငွေနှင်းမှိုစိုက်ပျိုးပြုစုစောင့်ရှောက်နည်းသင်တန်း”ဖွင့်ပွဲကို မေ ၂၄ ရက်က အဆိုပါ ခရိုင်ဦးစီးမှူးရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် မကွေးတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနမှ ဒုတိယတိုင်းဒေသကြီး ဦးစီးမှူး ဦးငွေဆန်းက အမှာစကားပြောကြားပြီး မကွေးခရိုင်ဦးစီးမှူးက သင်တန်းပို့ချရခြင်း၏ ရည်ရွယ်ချက်နှင့် ငွေနှင်းမှို စိုက်ပျိုးဆောင်ရွက်မည့် အစီအစဉ်များကို ရှင်းလင်းပြောကြားသည်။
စိုက်ပျိုးထုတ်လုပ်နိုင်
အဆိုပါ သင်တန်းသို့ တိုင်းဒေသကြီး/ခရိုင်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြို့နယ်ဦးစီးမှူးများနှင့် ခရိုင်အတွင်းရှိမြို့နယ်များမှ ဝန်ထမ်း သင်တန်းသား သင်တန်းသူ စုစုပေါင်း ၆၀ တက်ရောက်ကြပြီး သင်တန်းပြီးပါက အဆိုပါဝန်ထမ်းများမှတစ်ဆင့် မိမိတို့ဒေသရှိတောင်သူများကို ဆင့်ပွားသင်တန်းများ ပြန်လည်ပို့ချပေးသွားမည်ဖြစ်ကာ မကွေးခရိုင်အတွင်း ငွေနှင်းမှိုများ ကျယ်ကျယ်ပြန့်ပြန့် စိုက်ပျိုးထုတ်လုပ်နိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
မောင်ခိုင်မင်း(ပြန်/ဆက်)

No comments