ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်၌ စီမံကိန်း၊ ရသုံးမှန်းခြေငွေစာရင်းနှင့် ငွေကြေးစီမံခန့်ခွဲမှုဆိုင်ရာ အလုပ်ရုံဆွေးနွေး

 




ရန်ကုန် မေ ၂၆


ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် အရည်အသွေးမြှင့်တင်ရေး အစီအစဉ်(၃)ဖြင့် စီမံကိန်း၊ ရသုံးမှန်းခြေငွေစာရင်းနှင့် ငွေကြေးစီမံခန့်ခွဲ မှုဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားကို Media Corner ၌ ယ​မန်နေ့နံနက် ၉ နာရီတွင် ကျင်းပသည်။


အဆိုပါ ဖွင့်ပွဲအခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌ ဦးဌေးအောင်၊ ဒုတိယဥက္ကဋ္ဌ ဦးကျော်ကျော်စိုး၊ ရန်ကုန်တိုင်း ဒေသကြီး စာရင်းစစ်ချုပ် ဒေါ်ခင်မာချို၊ ပြည်သူ့လွှတ်တော်နှင့် အမျိုးသား လွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များ၊ အလုပ်ရုံဆွေးနွေးပွဲကို ဦးဆောင်ဆွေးနွေးမည့် ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော်ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာ သုံးသပ်ရေးအဖွဲ့မှ စာရင်းအင်းပညာရှင်များနှင့် ဌာနအကြီးအမှူးများ၊ လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။


အခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌက အမှာစကား ပြောကြားပြီး ဒုတိယဥက္ကဋ္ဌက သင်တန်းဆိုင်ရာ လမ်းညွှန် ချက်များကို ပြောကြားသည်။ 


အဆိုပါအလုပ်ရုံဆွေးနွေးပွဲကို မေ ၂၅ ရက်၊ ၂၆ ရက်နှင့် ၂၉ ရက်တို့ တွင် ကျင်းပမည်ဖြစ်ကြောင်း သိရသည်။ ​


အောင်မြင့်(ပြန်/ဆက်)

No comments

Powered by Blogger.