မောက်မယ်မြို့နယ်၌ မွေးမြူရေးဆိုင်ရာ အသိပညာပေး သင်တန်းဖွင့်
မောက်မယ် မေ ၂၆
ရှမ်းပြည်နယ်(တောင်ပိုင်း) မောက်မယ်မြို့နယ် ထီပျဉ်ကျေးရွာ ဓမ္မာရုံ၌ မွေးမြူရေးဆိုင်ရာ အသိပညာပေးသင်တန်းကို ယနေ့နံနက် ၉ နာရီက ဖွင့်လှစ်သည်။
ဦးစွာ မောက်မယ်မြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ မြို့နယ်ဦးစီးအရာရှိ ဒေါက်တာဝင်းဌေးက မွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ်ပြီး သားငါးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးနှင့် နွားနို့နှင့် ကြက်ဥထုတ်လုပ်မှုကဏ္ဍ တိုးတက်စေရန် အသိပညာပေး သင်တန်းပို့ချသည်။ သင်တန်းသို့ သင်တန်းသား ၁၅ ဦး တက်ရောက်ရာ မေ ၂၆ ရက်မှ ၂၈ ရက်အထိ သုံးရက်ကြာ သင်ကြားမည်ဖြစ်ကြောင်း သိရသည်။
နန်းမိုခမ်း(ပြန်/ဆက်)

No comments