​ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးအောင်မြင့်လွင် ပြည်ခရိုင်အတွင်း မြန်မာအီလက်ထရောနစ်မဲပေးစက်များ ထိန်းသိမ်းထားရှိမှု ကြည့်ရှုစစ်ဆေး

 



​ပြည် မေ ၂၆


​ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင် ဦးအောင်မြင့်လွင် သည် မေ ၂၅ ရက်က ပဲခူးတိုင်း ဒေသကြီး ပြည်မြို့သို့ ရောက်ရှိကာ ပြည်ခရိုင်အတွင်း ၂၀၂၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲတွင် အသုံးပြုခဲ့သည့် မြန်မာအီလက် ထရောနစ် မဲပေးစက် (Myanmar Electronic Voting Machine - MEVM)များ စနစ်တကျ ထိန်းသိမ်းထားရှိမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးသည်။


ယင်းနောက် ပြည်ခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး အစည်းအဝေးခန်းမ၌ ပြည်ခရိုင် အတွင်းရှိ ခရိုင်အုပ်ချုပ်ရေးမှူး၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများမှ အရာရှိများနှင့် တွေ့ဆုံရာ ပြည်၊ ပန်းတောင်း၊ ပေါက်ခေါင်း၊ ပေါင်းတည်၊ ရွှေတောင်နှင့် သဲကုန်းမြို့နယ်တို့မှ ခရိုင်နှင့် မြို့နယ်ရွေးကောက်ပွဲ ဆိုင်ရာ တာဝန်ရှိသူများက ခရိုင်နှင့် မြို့နယ်အလိုက် ဆောင်ရွက်လျက်ရှိသည့် ရွေးကောက်ပွဲ ဆိုင်ရာ လုပ်ငန်းစဉ်များ၊ မဲစာရင်းများ ပြည့်စုံမှန်ကန်ရေး ဆောင်ရွက်ထားရှိမှုနှင့် ရွေးကောက်ပွဲ ဆိုင်ရာ လုပ်ငန်းကိစ္စရပ်များကို ကဏ္ဍအလိုက် ရှင်းလင်းတင်ပြကြပြီး​ ပဲခူးတိုင်းဒေသကြီး(အနောက်ပိုင်း) ပြည်ခရိုင်ရွေးကောက်ပွဲကော်မရှင်အရာရှိ ဦးဝေနော်နှင့် ပြည်ခရိုင် အုပ်ချုပ်ရေးမှူးတို့က ဖြည့်စွက်ဆွေးနွေးတင်ပြကြသည်။


ထို့နောက် တင်ပြချက်များအပေါ် ပြည်ထောင်စုရွေးကောက် ပွဲကော်မရှင်အဖွဲ့ဝင်က လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


ဝဏ္ဏထွန်း(ပြန်/ဆက်)



No comments

Powered by Blogger.