ရေစကြိုမြို့နယ်၌ မိုးသီးနှံမျိုးစေ့များ ပေးအပ်

 



ရေစကြို မေ ၂၆


ရေစကြိုမြို့နယ်၌ မိုးသီးနှံ မျိုးစေ့များ ပေးအပ်ပွဲအခမ်းအနားကို မေ ၂၅ ရက်က မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။


အခမ်းအနားတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေး ကော်မတီဥက္ကဋ္ဌ ဦးသိန်းဝင်းက ဒေသခံတောင်သူများအနေဖြင့် သီးနှံများ ပန်းတိုင်အထွက်နှုန်းရရှိရေး အောင်မြင်အောင် ကြိုးပမ်းဆောင်ရွက်ကြရန် မှာကြားပြီး မြို့နယ် စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးလှထွေးအောင် က စိုက်ပျိုးရေးဦးစီးဌာနက ဆောင်ရွက်လျက်ရှိသည့် မျိုးကောင်း မျိုးသန့်များ၊ မျိုးစေ့ထုတ်လုပ်ငန်း၊ စိုက်နည်းစနစ်မှန်ကန်စွာ တိုးတက်လာစေရေး တောင်သူများက ပူးပေါင်း ဆောင်ရွက်ပေးကြရန်နှင့်  အဓိကသီးနှံများ ပန်းတိုင် အထွက်နှုန်းရရှိရေး စိုက်နည်း စနစ်များ မှန်ကန်စွာ လိုက်နာ ကျင့်သုံးကြရန် ဆွေးနွေးပြောကြားသည်။


ယင်းနောက် လက်ပံပင် ကျေးရွာ၊ ကူတုတ်ကျေးရွာ၊ ရွှေကျောင်းကျေးရွာ၊ နွားထိန်း ကျေးရွာ၊ သာစည်ကျေးရွာတို့မှ တောင်သူများအား စပါး၊ အစေ့ ထုတ်ပြောင်း၊ မြေပဲ၊ နှမ်း၊ နေကြာ၊ ပဲတီစိမ်း၊ ပဲစင်းငုံနှင့် မြေဆီလွှာ ဖွံ့ဖြိုးတိုးတက်ရေး သစ်စိမ်း မြေသြဇာ (ပိုက်ဆံလျှော်)မျိုးစေ့များ ပေးအပ်ခဲ့ကြောင်း သိရသည်။


ဝေဇင်မို့(ရေစကြို)

No comments

Powered by Blogger.