ရွှေကုက္ကိုလ်နယ်မြေအတွင်း အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်ရာတွင် အသုံးပြုသည့် တရားမဝင် လေးထပ်လူနေအဆောက်အအုံသုံးလုံးအား စနစ်တကျထပ်မံဖြိုချဖျက်ဆီး
နေပြည်တော် မေ ၂၆
မြန်မာနိုင်ငံအစိုးရအနေဖြင့် နိုင်ငံတော်
တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို
အလေးထား ဆောင်ရွက်လျက်ရှိရာတွင် နိုင်ငံတော်နှင့် အများပြည်သူအကျိုးစီးပွားကို ထိခိုက်ပျက်စီးအောင်
ဆောင်ရွက်လျက်ရှိသည့် အွန်လိုင်းလိမ်လည်လောင်းကစားမှုများကို အခြေချလုပ်ကိုင်ခဲ့ကြသော
ရွှေကုက္ကိုလ်နယ်မြေနှင့် KK Park နယ်မြေများရှိ တရားမဝင်အဆောက်အအုံများအတွင်း အွန်လိုင်းလိမ်လည်
လောင်းကစားလုပ်ငန်းများ လုပ်ကိုင်ခြင်း မရှိစေရေး ဝင်ရောက်ရှင်းလင်း၍ အွန်လိုင်းလိမ်လည်
လောင်းကစားမှုလုပ်ငန်းစဉ်များတွင် အသုံးပြုခဲ့သည့် သိမ်းဆည်းရမိပစ္စည်းများအား စနစ်တကျ
ဖျက်ဆီးခြင်းနှင့် တရားမဝင် အဆောက်အအုံများအား စနစ်တကျဖြိုချ ဖျက်ဆီးခြင်းများကို လုံခြုံရေးတပ်ဖွဲ့ဝင်များ၊
အုပ်ချုပ်ရေးအဖွဲ့အစည်းများနှင့် ဒေသတွင်းတာဝန်ရှိသူများ အပါအဝင် အဖွဲ့စုံပါဝင်သည့်
ပူးပေါင်းအဖွဲ့ဖြင့် ဆောင်ရွက်လျက်ရှိသည်။
ထိုသို့ ဆောင်ရွက်လျက်ရှိရာ ရွှေကုက္ကိုလ်နယ်မြေအတွင်း၌
အွန်လိုင်းလိမ်လည် လောင်းကစား လုပ်ငန်းလုပ်ကိုင်ရာတွင် အသုံးပြုသည့် အဆောက်အအုံ ၇၇
လုံးအနက် လေးထပ် လူနေအဆောက်အအုံ သုံးလုံးကို ယနေ့တွင် ယာဉ်၊ ယန္တရားများအသုံးပြု၍ စနစ်တကျ
ထပ်မံဖြိုချဖျက်ဆီးခဲ့သဖြင့် စုစုပေါင်း အဆောက်အအုံခြောက်လုံးအား ဖြိုချဖျက်ဆီးပြီးဖြစ်ရာ
ဖျက်ဆီးရန်ကျန် တရားမဝင်အဆောက်အအုံ ၇၁ လုံးကျန်ရှိနေသေးကြောင်းနှင့် ၎င်းတို့အား ဆက်လက်၍
စနစ်တကျ ဖျက်ဆီးသွားမည်ဖြစ်ကြောင်း သိရသည်။
နိုင်ငံတော်အစိုးရအနေဖြင့် အွန်လိုင်းလိမ်လည်
လောင်းကစားမှုကျူးလွန်မှုများကို အမျိုးသားရေး တာဝန်တစ်ရပ်အဖြစ်ခံယူကာ မြန်မာနိုင်ငံအတွင်း
လုံးဝအခြေမပြုနိုင်ရေး ပြည်တွင်းအင်အားစုများ အပြင် အိမ်နီးချင်းနိုင်ငံအစိုးရများနှင့်လည်း
ပေါင်းစပ်ညှိနှိုင်း၍ ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်

No comments