၂၀၂၆ နိုင်ငံတကာ ခရီးသွားပြပွဲ ဇွန်လတွင်ကျင်းပမည်

 




ရန်ကုန် မေ ၂၆


ဟိုတယ်၊ ခရီးသွားလာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၏ ကြီးကြပ်မှု၊ မြန်မာနိုင်ငံခရီးသွားအဖွဲ့ချုပ်နှင့် ညီနောင်အသင်းများ၏ ပံ့ပိုးကူညီမှုဖြင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များအသင်းကဦးဆောင်၍ ၂၀၂၆ နိုင်ငံတကာခရီးသွားပြပွဲကို ၂၀၂၆ ခုနှစ် ဇွန်၁၃ ရက်မှ ၁၄ ရက်အထိ Sedona Hotel Yangon ၌ စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်‌ကြောင်း စာနယ်ဇင်းရှင်းလင်းပွဲ အခမ်းအနားတွင် မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးကျော်ဘုန်းနိုင်က ပြောကြားသည်။


၂၀၂၆ နိုင်ငံတကာခရီးသွားပြပွဲသည် မြန်မာနိုင်ငံ၏ ခရီးသွားကဏ္ဍကို ပိုမိုဖွံ့ဖြိုးတိုးတက်စေရန်နှင့် မိမိတို့နိုင်ငံ၏ထူးခြားလှပသော ခရီးသွား ဆွဲဆောင်မှုများကို ပြည်တွင်းခရီးသွားလုပ်ငန်းအသိုင်းအဝိုင်းသာမကနိုင်ငံတကာခရီးသွားလုပ်ငန်းဆိုင်ရာလုပ်ကိုင်သူ ခရီးသွားလုပ်ငန်းရှင်များအား ပြန်လည်မိတ်ဆက်ပြသရန်ဖြစ်သည်။


ယင်းပြပွဲတွင် ပြည်တွင်းမှခရီးသွားကုမ္ပဏီ ၅၀ ခန့် နိုင်ငံတကာ အဖွဲ့အစည်းများ ပါဝင်ပြသမည်ဖြစ်ပြီး မလေးရှား၊  ကိုရီးယား၊ ရုရှား၊ ပြင်သစ်၊ စပိန်၊ စလိုဗက်ကီးယား၊ ရိုမေးနီးယား၊ အိန္ဒိယ၊ အင်ဒိုနီးရှား၊ နီပေါနိုင်ငံတို့မှ ခရီးသွားလုပ်ငန်းရှင်များ ပါဝင်ပြသမည်ဖြစ်‌ကြောင်း သိရသည်။ 


မျိုးမင်းသူရ

No comments

Powered by Blogger.