နောင်တရားမြို့၌ သီးသန့်မီးသတ်တပ်ဖွဲ့ဝင်များ အကြိုအခြေခံမီးသတ်ပညာသင်တန်းဖွင့်ပွဲ ကျင်းပ
နောင်တရား မေ ၂၆
ရှမ်းပြည်နယ်(တောင်ပိုင်း) ပင်လောင်းမြို့နယ် နောင်တရားမြို့ တီကျစ်နဂါးဘိလပ်မြေစက်ရုံတွင် သီးသန့်မီးသတ်တပ်ဖွဲ့ဝင်များ အခြေခံမီးသတ်ပညာသင်တန်းဖွင့်ပွဲကို မေ ၂၅ ရက်က စက်ရုံအစည်း အဝေးခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် တီကျစ်နဂါးဘိလပ်မြေစက်ရုံမှူး ဦးဆလိုင်း ဇေယျာတင်မြင့်က အမှာစကားပြောကြားပြီး ပင်လောင်းမြို့နယ် မီးသတ်ဦးစီးဌာန ဦးစီးအရာရှိ ဦးဝေလင်းအောင်က သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များနှင့် မီးဘေးကြိုတင်ကာကွယ်မှု လုပ်ငန်းစဉ်များကို ရှင်းလင်းပြောကြားသည်။
အဆိုပါ သီးသန့်မီးသတ်တပ်ဖွဲ့ဝင်များ အခြေခံသင်တန်းကို သင်တန်းသား ၃၅ ဦးနှင့် သင်တန်းနည်းပြသုံးဦးဖြင့် သင်တန်းကာလ ရက်သတ္တနှစ်ပတ်ကြာ လေ့ကျင့်သင်ကြားပေးမည်ဖြစ်ကြောင်း သိရသည်။
နောင်တရား(ပြန်/ဆက်)

No comments