ရမည်းသင်းမြို့နယ် ရိုးကြီးကျေးရွာ၌ မြရတနာစေတီတော် ရွှေထီးတော်တင်လှူပူဇော်

 


ရမည်းသင်း မေ ၁၄

 

မန္တလေးတိုင်းဒေသကြီး ရမည်းသင်းမြို့နယ် ရိုးကြီးကျေးရွာ၌ မေ ၁၄ ရက်က မြရတနာစေတီတော် ရွှေထီးတော်တင်လှူပွဲကျင်းပသည်။

 

အဆိုပါမြရတနာစေတီတော်သည် ရိုးကြီးကျေးရွာအ‌ရှေ့တောင်ဘက်တွင် တည်ရှိပြီး ရိုးကြီးကျောင်းဆရာတော်အား အမှူးထားကာ တပည့်ရဟန်းသံဃာတော်များနှင့် အလှူရှင်များက စုပေါင်းတည်ထားခဲ့ကြခြင်းဖြစ်သည်။ မင်္ဂလာအချိန်တွင် ရွှေထီးတော်အဆင့်ဆင့်ကို ဆရာတော်ကြီးများက ဆက်ကပ်ပြီး လက်ယာရစ်ပင့်ဆောင်ကာ ထီးတော်တင်လှူပူဇော်ကြသည်။ ဆက်လက်၍ ကြွရောက်တော်မူသော ဆရာတော်များက ဗုဒ္ဓါဘိသေကအနေကဇာတင်မင်္ဂလာ ပြုကြသည်။

 

ယင်းနောက် မဟာသဒ္ဓမ္မဇောတိကဓဇ ဘွဲ့တံဆိပ်တော်ရ ပုတီးကုန်းကျောင်းတိုက် ပဓာနဆရာတော် ဘဒ္ဒန္တကုမာရ(မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ) ဟောကြားသောတရားတော်ကိုနာယူကာ လှူဒါန်းမှု အစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေကြသည်။ ရွှေထီးတော်တင် လှူပူဇော်ပွဲသို့ ရမည်းသင်းမြို့ ရိုးကြီးရွာ၊ ကမ္မရွာ၊ ကုန်းသာရွာ၊ ပုတီးကုန်းရွာ၊ မြို့လှရွာ၊ မြို့ဟောင်းရွာ၊ တံတားဦးရွာနှင့် အနယ်နယ်အရပ်ရပ်မှ အလှူရှင်များ လာရောက်ကြကြောင်း သိရသည်။

လှိုင်သန်းတင့်(ရမည်းသင်း)

No comments

Powered by Blogger.