မြဝတီမြို့နယ်၌ မြေငှားဂရန်ချထားပေးနိုင်ရေး အသိပေးရှင်းလင်းပွဲ ကျင်းပ
မြဝတီ မေ ၆
ကရင်ပြည်နယ် မြဝတီမြို့ မဲကနယ်ကျေးရွာအုပ်စု
ဖားချောင်းကျေးရွာအတွင်း ရက်(၁၀၀)စီမံချက်ဖြင့် ကျေးရွာမြေငှားဂရန် ချထားပေးနိုင်ရေးအတွက်
ယနေ့နံနက် ၉ နာရီတွင် ဖားချောင်းကျေးရွာရှိ စိတ်ရောင်ခြည်ဓမ္မာရုံ၌ အသိပေးရှင်းလင်းပွဲ
ကျင်းပသည်။
အခမ်းအနားတွင် မြဝတီမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်
ဦးခင်မောင်ချင်းက ရက်(၁၀၀)စီမံချက်ဖြင့် ကျေးရွာမြေငှားဂရန် ထုတ်ပေးရခြင်း ရည်ရွယ်ချက်များ၊
မြို့နယ် အုပ်ချုပ်ရေးမှူး ဦးဇော်မော်အောင်က ကျေးရွာမြေငှားဂရန် ချထားပေးနိုင်ရေးနှင့်ပတ်သက်၍
လုပ်ငန်းစဉ်များ အသိပေးရှင်းလင်းခြင်းနှင့် လျှောက်ထားရာတွင် လိုအပ်သောအချက်များနှင့်
စိစစ်ရမည့်အချက်များ၊ မြေစာရင်းဦးစီးဌာန ဦးစီးမှူး ဦးသောင်းထွဋ်က မြေတိုင်းလုပ်ငန်းစဉ်များ၊
မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ဦးစီးမှူး ဦးတင်အောင်ဝင်းက
ကျေးရွာမြေငှားဂရန် ရရှိရေးအတွက် လျှောက်ထားရာတွင် လိုအပ်သည့် လုပ်ငန်းစဉ်များကို ကဏ္ဍအလိုက်
ဆွေးနွေးကြသည်။
ဆက်လက်၍ တက်ရောက်လာကြသည့် ကျေးရွာနေပြည်သူများက
သိရှိလိုသည်များကို မေးမြန်းရာ တာဝန်ရှိသူများက ပြန်လည်ဆွေးနွေး ရှင်းလင်းဖြေကြားခဲ့ကြောင်း
သိရသည်။
ဆောင်းနှင်းဖြူ (ပြန်/ဆက်)

No comments