မြိတ်မြို့ မြိတ်သင်တန်းစခန်းရှိ အခြေခံလေကြောင်းလူငယ်သင်တန်း လေ့ကျင့်သင်ကြားနေမှုများ ကြည့်ရှုအားပေး
နေပြည်တော် မေ ၈
တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ
ကျောင်းသားလူငယ်များ နွေရာသီကျောင်းပိတ်ရက်ကာလအတွင်း အခြေခံ လေကြောင်းဆိုင်ရာ
ပညာရပ်များကို စိတ်ပါဝင်စားပြီး ကျွမ်းကျင်တတ်မြောက်စေရန်၊ ခေတ်မီနိုင်ငံတော် တည်ဆောက်ရေးတွင်
လေယာဉ်ပျံသန်းမှုဆိုင်ရာ ပညာရပ်များကို နားလည် သိရှိစေရန်၊ စိတ်ဓာတ်၊ စည်းကမ်း၊
ကိုယ်လက်ကြံ့ခိုင်မှုနှင့် စည်းလုံးညီညွတ်မှုရှိစေရန်တို့အတွက် ရည်ရွယ်၍
အခြေခံလေကြောင်း လူငယ်သင်တန်း အမှတ်စဉ် (၁၀) သင်တန်းကို ဧပြီ ၂၇ ရက်မှစတင်၍
မြိတ်မြို့ရှိ မြိတ်သင်တန်းစခန်း၌ လေ့ကျင့်သင်ကြား ပေးလျက်ရှိသည်။
အဆိုပါ
သင်တန်းစခန်းသို့ ယနေ့မွန်းလွဲပိုင်းတွင် တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ်
ဦးဇော်နိုင်ဦး၊ ကမ်းရိုးတန်းဒေသ တိုင်းစစ်ဌာနချုပ်တိုင်းမှူး
ဗိုလ်ချုပ်ကျော်ကျော်ဟန်တို့ သွားရောက်ကြည့်ရှု အားပေးပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က
အမှာစကားပြောကြားကာ သင်တန်းသား သင်တန်း သူများနှင့် သင်တန်းနည်းပြများအတွက်
ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်
No comments