အင်ဒိုနီးရှားနိုင်ငံက အရှေ့အလယ်ပိုင်းဒေသ မတည်ငြိမ်မှုကိုကာကွယ်ရန် နိုင်ဂျီးရီးယားမှ ရေနံစိမ်း ရယူ



ဂျတာကာ   မေ   ၁၃

အရှေ့အလယ်ပိုင်းဒေသ ပဋိပက္ခများဆက်လက်ဖြစ်ပွားနေစဉ် အင်ဒိုနီးရှားနိုင်ငံသည် ၎င်း၏ စွမ်းအင်အရင်းအမြစ်များကို ပြည့်ဝစွာရရှိနိုင်ရေး ကြိုးပမ်းမှုတစ်စိတ်တစ်ပိုင်းအဖြစ်  နိုင်ဂျီးရီးယား နိုင်ငံမှ ရေနံစိမ်းတင်ပို့မှုများကို လက်ခံရရှိခဲ့သည်ဟု စွမ်းအင်နှင့်သတ္တုတွင်းဝန်ကြီးဌာနက  မေ ၁၃ ရက်တွင် ပြောသည်။  

ဝန်ကြီးဌာန၏ ရေနံနှင့်သဘာဝဓာတ်ငွေ့ ညွှန်ကြားရေးမှူးချုပ် လေအို့ဒ်ဆူလေမန်က နိုင်ဂျီးရီးယား နိုင်ငံမှ ကနဦးပေးပို့သည့် ရေနံစိမ်းများရောက်ရှိလာပြီဖြစ်ကြောင်း ပြောကြားခဲ့သည်။    အင်ဒိုနီးရှား နိုင်ငံသည် ဟော်မုဇ်ရေလက်ကြားကို မဖြတ်သန်းရသည့် သင်္ဘောလမ်းကြောင်းရှိရာ ဒေသများမှ ရေနံစိမ်းကို ဦးစားပေးဝယ်ယူနေကြောင်း  ၎င်းက ဆက်လက်ပြောကြားခဲ့သည်။                                ဆင်ဟွာ

No comments

Powered by Blogger.