နောင်ချိုမြို့နယ်၌ မိုးစပါးစိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ချေးပေး

 


နောင်ချို မေ ၁၃

 

ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲခရိုင် နောင်ချိုမြို့နယ်တွင် ရက် (၁၀၀) စီမံချက်ဖြင့် မိုးစပါးစိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ချေးပေးခြင်းအခမ်းအနားကို ယမန်နေ့က မြို့နယ်မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၌ ပြုလုပ်သည်။

 

စိုက်ပျိုးစရိတ်ချေးငွေများကို ခိုအုံအုပ်စုနှင့် ကြိမ်ဂနိုင်အုပ်စုတို့အတွင်းရှိ စိုက်ပျိုးတောင်သူ ၄၀ အတွက် လယ်တစ်ဧကလျှင် ငွေကျပ် သုံးသိန်းနှင့် ယာတစ်ဧကလျှင် ငွေကျပ် ၂၅၀၀၀၀ သတ်မှတ်၍ အတိုးနှုန်း ငါးရာခိုင်နှုန်းဖြင့် ငွေကျပ် ၆၃၂၅၀၀၀၀ အား မြို့နယ်ချေးငွေအကြံပေး အဖွဲ့ဝင်များက ပေးအပ်ကြသည်။

 

ထို့နောက် နောင်ချိုမြို့နယ်အတွင်း ကျေးရွာအုပ်စု ၂၄ အုပ်စုအတွက် စိုက်ပျိုးစရိတ်ချေးငွေကျပ် ၂၃၁၂၅၀၀၀၀၀ အား ထုတ်ချေးပေးရန် လျာထားလျက်ရှိကြောင်း မြို့နယ်မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ သိရသည်။

မြို့နယ်(ပြန်/ဆက်)

No comments

Powered by Blogger.