ပဲခူးတိုင်းဒေသကြီး ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကင်းထောက်လူငယ် သင်တန်းဆင်းပွဲကျင်းပ



ပဲခူး မေ ၁၅

၂၀၂၅ - ၂၀၂၆ ပညာသင်နှစ် ကင်းထောက်လူငယ် သင်တန်း ဆင်းပွဲကို ယနေ့နံနက်ပိုင်းက ပဲခူးမြို့ မြို့တော်ခန်းမ၌ ကျင်းပသည်။


ဦးစွာ ၂၀၂၅-၂၀၂၆ ပညာ သင်နှစ် ပဲခူးတိုင်းဒေသကြီး ကင်းထောက်လူငယ် သင်တန်း သား သင်တန်းသူများက “ကင်း ထောက် ဆိုသည်မှာ”သီချင်းဖြင့် သီဆိုဖျော်ဖြေတင်ဆက်ပြီး တိုင်း ဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေ ဝင်းက အမှာစကားပြောကြားကာ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကင်း ထောက်လူငယ် သင်တန်းသား သင်တန်းသူများကို သင်တန်းဆင်း လက်မှတ်များ ပေးအပ်သည်။


ထို့နောက် ကင်းထောက် လူငယ်သင်တန်းသား သင်တန်းသူများက တောတွင်းခရီးသွားခြင်း၊ အခြေချနေထိုင်ခြင်း၊ အခက်အခဲ များ ကျော်လွှားခြင်းနှင့် ရှေးဦး သူနာပြုစုခြင်းများကို သရုပ်ပြသပြီး ကင်းထောက်ဆောင်ပုဒ် ဖြစ်သည့် “အမြဲအသင့်” သီချင်း ဖြင့် ဖျော်ဖြေတင်ဆက်ရာ ဂုဏ်ပြု ချီးမြှင့်ငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)

No comments

Powered by Blogger.