မွန်ပြည်နယ်ဝန်ကြီးချုပ် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေပေးအပ်၊ ဒေသဖွံ့ဖြိုးရေးများဆောင်ရွက်
မော်လမြိုင် မေ ၁၃
ပြည်ထောင်စုအစိုးရအဖွဲ့၏ ရက်ပေါင်း
၁ဝဝ အတွင်း မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ် မော်လမြိုင်ခရိုင်ဘဏ်ခွဲမှ ဆောင်ရွက်မည့်
၂ဝ၂၆ မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေ တိုးမြှင့်ထုတ်ချေးရေးနှင့် ချေးငွေပေးအပ်ပွဲကို
ယမန်နေ့နံနက်ပိုင်းက မော်လမြိုင်မြို့ ပြည်နယ်စီမံကိန်းဦးစီးမှူးရုံး အစည်းအဝေးခန်းမ၌
ကျင်းပသည်။
ကြည့်ရှုအားပေး
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဝင်းသန်းက
အမှာစကားပြောကြားပြီး ၂၀၂၆ ခုနှစ် မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေကို တောင်သူများထံ
ပေးအပ်ကာ ချေးငွေထုတ်ချေးနေမှုကို လှည့်လည်ကြည့်ရှုအားပေးသည်။
ယင်းနောက် မိုးစပါးမျိုးစေ့ထုတ် စိုက်ခင်းစိုက်ပျိုးမည့်
တောင်သူများကို မျိုးသန့်မျိုးပွား မျိုးစေ့(RS)များ ချီးမြှင့်ပေးအပ်ပြီး ရိုးဂိုးကျေးရွာ
တောင်သူ ဦးစိုးဉာဏ်၏လယ်မြေတွင် မြေဆီလွှာ ပြုပြင်ခြင်းအတွက် ထုံးထည့်သွင်းနေမှု၊ မော်လမြိုင်မြို့
ငန်းတေးရပ်ကွက်ရှိ ဦးသန်းထွန်းဝင်း၏ ဥစားကြက်မွေးမြူရေးခြံအတွင်း ဥစားကြက်အကောင်ရေ
၆၀၀၀ မွေးမြူ အောင်မြင်ဖြစ်ထွန်းနေမှု၊ ဦးသက်ပိုင်စိုး၏ သုံးဧက ငါး မွေးမြူရေးကန်တွင်
ငါးတန် ၃၀၀၀၊ ငါးမုတ် ၅၀၀၀၊ ငါးမြစ်ချင်း ၃၀၀၀နှင့် ငွေရောင်ငါးကြင်း ၂၅၀၀ မွေးမြူအောင်မြင်ဖြစ်ထွန်းနေမှုကို
ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
ပြည်နယ်(ပြန်/ဆက်)

No comments