ရပ်စောက်မြို့နယ်၌ ဇီဝလုံခြုံရေး အသိပညာပေးဟောပြော
ရပ်စောက် မေ ၃
ရှမ်းပြည်နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ
ပြည်နယ်ဦးစီးမှူး ဒေါက်တာကျော်သူနှင့်အဖွဲ့သည် ရက် (၁၀၀) လုပ်ငန်းစီမံချက်အရ တိရစ္ဆာန်ကူးစက်ရောဂါကာကွယ်ရေး၊
မွေးမြူရေးကဏ္ဍဖွံ့ဖြိုး တိုးတက်စေရေးအတွက် ဧပြီ ၃၀ ရက် ညနေပိုင်းက ရပ်စောက်မြို့နယ်
ဗထူးတပ်မြို့ရှိ တပ်မတော် (ကြည်း) တိုက်ခိုက်ရေးသင်တန်းကျောင်း အတွင်းရှိ တပ်ပိုင်အသားတိုးဝက်မွေးမြူရေးခြံတွင်
ဝက်များ၏ကျန်းမာရေး အခြေအနေကြည့်ရှုစစ်ဆေးကာ ဝက်မွေးမြူရေးလုပ်ငန်း လုပ်ကိုင်လျက်ရှိသော
တပ်တွင်းစစ်သည် မိသားစုဝင်များနှင့်တွေ့ဆုံပြီး ဇီဝလုံခြုံရေးနှင့်ပတ်သက်၍ အသိပညာပေးဟောပြောသည်။
အဆိုပါဟောပြောပွဲတွင် မွေးမြူရေးခြံဖျန်းပိုးသတ်ဆေးများ
အခမဲ့ ဖြန့်ဝေပေးခြင်းနှင့် အာဖရိကဝက် အပြင်းဖျားရောဂါအကြောင်း၊ မွေးမြူရေးသမားများလိုက်နာရမည့်
ဇီဝလုံခြုံရေးအကြောင်း ပညာပေး လက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့သည်။
အလားတူ ရှမ်းပြည်နယ် မွေးမြူရေးနှင့်
ကုသရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူးနှင့်အဖွဲ့သည် ဧပြီ ၂၉ ရက် နံနက်ပိုင်းက ညောင်ရွှေမြို့နယ်
တိလောကျေးရွာအုပ်စုရှိ ရှမ်းရိုးမမွေးမြူရေးဇုန်(၁) ဥစားကြက် မွေးမြူရေးဇုန်၌ မွေးမြူရေးလုပ်ငန်းရှင်များနှင့်တွေ့ဆုံ၍
ဇီဝလုံခြုံရေးကို အထူးအလေးထား ဆောင်ရွက်ရန် ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။
မင်းသန့်(ပြန်/ဆက်)

No comments