မကွေးတိုင်းဒေသကြီးတရားလွှတ်တော်တွင် နိုင်ငံတော်သမ္မတ မိန့်ခွန်းနှင့် မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် လမ်းညွှန်ချက်များ ထပ်ဆင့်ရှင်းလင်းပွဲ ကျင်းပ
မကွေး မေ ၃
ပြည်ထောင်စုလွှတ်တော် ကတိသစ္စာပြုပွဲ
အခမ်းအနားတွင် နိုင်ငံတော်သမ္မတ ပြောကြားသည့် မိန့်ခွန်းနှင့် မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ်က
တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများအား လမ်းညွှန်အမှာစကား ပြောကြားချက်များ ထပ်ဆင့်ရှင်းလင်းပွဲ
အခမ်းအနားကို ယနေ့နံနက် ၉ နာရီက မကွေးတိုင်းဒေသကြီး တရားလွှတ်တော် အစည်းအဝေးခန်းမ၌
ကျင်းပသည်။
ဦးစွာ မကွေးတိုင်းဒေသကြီး တရားလွှတ်တော်
တရားသူကြီးချုပ် ဒေါ်မိမိမော်က အမှာစကား ပြောကြားရာတွင် နိုင်ငံတော်သမ္မတကြီး ပြောကြားသည့်
မိန့်ခွန်းနှင့် မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ်က တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများအား
လမ်းညွှန်အမှာစကား ပြောကြားချက်များကို ထပ်ဆင့်ရှင်းလင်း ပြောကြားပြီး နိုင်ငံတော်၏
မူဝါဒများအား အလေးထားလိုက်နာကာ ပြည်ထောင်စု တရားလွှတ်တော်ချုပ်၏ လမ်းညွှန်မှာကြားချက်များ၊
ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ စီရင်ဆုံးဖြတ်ရန်၊ တရားဥပဒေစိုးမိုးရေးကို ဝိုင်းဝန်း
ပူးပေါင်းဆောင်ရွက်သွားကြရန်နှင့် အဂတိကင်းရှင်းကြရန် လမ်းညွှန်မှာကြားသည်။
ယင်းနောက် တရားစီရင်ရေး၊ စီမံခန့်ခွဲရေးကိစ္စရပ်များနှင့်
စပ်လျဉ်း၍ တိုင်းဒေသကြီး တရားရေးဦးစီးမှူး ဒေါ်စန္ဒာအေးက ထပ်ဆင့်ရှင်းလင်း ဆွေးနွေးမှာကြားပြီး
တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ်က နိဂုံးချုပ်အမှာ စကားပြောကြားခဲ့ကြောင်း
သိရသည်။
မောင်ခိုင်မင်း(ပြန်/ဆက်)

No comments