ပုသိမ်မြို့၌ သံဃာတော်အရှင်သူမြတ်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်း
ပုသိမ် မေ ၃
နှစ်(၈၀)ပြည့် မြန်မာနိုင်ငံမီးသတ် တပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် နေ့ဆွမ်းဆက်ကပ် လှူဒါန်းပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ဧရာဝတီတိုင်း ဒေသကြီး မီးသတ်ဦးစီးမှူးရုံး၌ ကျင်းပသည်။
အခမ်းအနားတွင် ဧရာဝတီတိုင်းဒေသကြီး မီးသတ်ဦးစီးမှူး ညွှန်ကြားရေးမှူး ဦးအောင်ဆွေဝင်း၊ ဒုတိယတိုင်းဒေသကြီး မီးသတ်ဦးစီးမှူး ဒုတိယညွှန်ကြားရေးမှူး ဦးကိုကိုဦးနှင့် ခရိုင်မီးသတ်ဦးစီးမှူးများက ဦးဆောင်ပြီး သံဃာတော် အရှင်သူမြတ် ငါးပါးအား နေ့ဆွမ်း ဆက်ကပ်လှူဒါန်းခြင်း၊ လှူဖွယ်ပစ္စည်းများနှင့် ဝတ္ထုငွေများ ဆက်ကပ် လှူဒါန်းခြင်း၊ တရားနာယူခြင်း၊ ရေစက်သွန်းချ အမျှ ပေးဝေးခြင်းတို့ ဆောင်ရွက်ခဲ့သည်။
ဆက်လက်၍ မွန်းလွဲပိုင်းတွင် တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ် မီးသတ်ဦးစီးမှူးရုံးများ၏ ဆရာ ဒကာ ဘုန်းတော်ကြီးကျောင်းများဖြစ်သော ပုသိမ်မြို့ရှိ ရွှေတောင် ဘုန်းတော်ကြီးကျောင်း၊ အောင်သုခ ဘုန်းတော်ကြီးကျောင်း၊ အာဇာနည်ဘုန်းတော်ကြီးကျောင်းများသို့ ဆန်၊ ဆီနှင့် လှူဖွယ်ပစ္စည်းများ သွားရောက် ဆက်ကပ် လှူဒါန်းခဲ့ကြောင်း သိရသည်။
မင်းထက်သာ

No comments