သုံးခွမြို့နယ်၌ နိုင်ငံသားစိစစ်ရေးကတ်နှင့် UID ကတ်များ ကွင်းဆင်းဆောင်ရွက်

 


ရန်ကုန် မေ ၃

 

ရန်ကုန်တိုင်းဒေသကြီး သန်လျင်ခရိုင် သုံးခွမြို့နယ် ကတုန်းပေါ် အထက်ကျေးရွာတွင် နိုင်ငံတော်အစိုးရသစ်၏ ရက်(၁၀၀) စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြုလုပ်ပေးခြင်းနှင့် Biometric ကောက်ယူကာ UID ကတ်ထုတ်ပေးခြင်းလုပ်ငန်းများကို ယနေ့နံနက် ၈ နာရီက မြေပြင်ကွင်းဆင်းဆောင်ရွက်ပေးရာ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ဦးစီးမှူး ဦးစသန့်ဖူးအောင် ဦးဆောင်မှုဖြင့် ဝန်ထမ်းများပါဝင်သောအဖွဲ့က ကျေးရွာအတွင်းရှိ အသက်(၁၀)နှစ်အထက် ရပ်ကွက်နေပြည်သူများအား ဆောင်ရွက်ပေးသည်။

 

ပေါင်းစပ်ညှိနှိုင်း

အဆိုပါ ကွင်းဆင်းဆောင်ရွက်ရာနေရာသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဇော်မျိုးဝင်းနှင့်အဖွဲ့ဝင်များက လာရောက်ကြည့်ရှုအားပေးပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။

 

နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် Biometric ကောက်ယူ၍ UID ကတ်ထုတ်ပေးခြင်းများကို သက်ဆိုင်ရာရပ်ကွက်အလိုက် မြေပြင်ကွင်းဆင်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းနှင့် ကတုန်းပေါ် အထက်ကျေးရွာ ဒေသခံပြည်သူ ၅၀ တို့အား နိုင်ငံသားစိစစ်ရေးကတ်များ နေ့ချင်းပြီးဆောင်ရွက်ပေးခြင်းနှင့် UID ရိုက်ကူးပေးခြင်းများ  ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

စည်သူလင်း(ပြန်/ဆက်)

No comments

Powered by Blogger.