တိုက်ကြီးမြို့နယ်၌ အရာရှိမြေတိုင်းသင်တန်းဆင်းပွဲ ကျင်းပ
ရန်ကုန် မေ ၃၁
ရန်ကုန်တိုင်းဒေသကြီး တိုက်ကြီးမြို့နယ်
ဗဟိုမြေစာရင်းဖွံ့ဖြိုးမှု လေ့ကျင့်ပညာပေးရေး သင်တန်းကျောင်း၌ အရာရှိမြေတိုင်းသင်တန်း
အမှတ်စဉ်(၁၁) သင်တန်းဆင်းပွဲကို မေ ၂၉ ရက်က ကျင်းပသည်။
ဦးစွာ ဗဟိုမြေစာရင်းဖွံ့ဖြိုးမှု လေ့ကျင့်ပညာပေးရေးသင်တန်းကျောင်း
ကျောင်းအုပ်ကြီး ညွှန်ကြားရေးမှူး ဦးသိန်းစိုးမင်းက အမှာစကား ပြောကြားသည်။
ထို့နောက် ကျောင်းအုပ်ကြီး ညွှန်ကြားရေးမှူးနှင့်
တာဝန်ရှိသူများက သင်တန်းဆင်းလက်မှတ်များနှင့် သင်တန်းတွင် ထူးချွန်ဆုရရှိသူများအား
ဂုဏ်ပြုဆုများပေးအပ်ချီးမြှင့်ပြီး သင်တန်းသားများနှင့် စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခဲ့ကြောင်း
သိရသည်။
ဝတ်ရည်(ပြန်/ဆက်)

No comments