အဝလွန်ခြင်းသည် ဦးနှောက်ကို မြန်မြန်အိုမင်းစေနိုင်



ဦးနှောက်ကို အိုမင်းစေသည့်အချက်များထဲတွင် အဝလွန်ခြင်းသည် ယခင်ကသိထား သည်ထက် ပိုမိုအရေးကြီးသည့် အခန်းကဏ္ဍမှ   ပါဝင်ကြောင်း  လေ့လာမှုအသစ်တစ်ခုက ဖော်ထုတ်လိုက်သည်။

အသက်အရွယ်ကိုလိုက်၍ မှတ်ဉာဏ်နှင့်အတွေးများ ပြောင်းလဲသွားခြင်းမှာ ပုံမှန်ဖြစ်သည်။ အသက်ကြီးလာချိန်တွင် နာမည်များ၊ သတင်းအချက်အလက်များ   ပြန်လည်မှတ်မိရန် သို့မဟုတ် အာရုံစူးစိုက်နိုင်ရန် အချိန်ပိုယူရသည်။ ကျန်းမာသော သက်ကြီးရွယ်အိုများတွင်မူ   ထိုအဆင့်များမှာ  ဖြည်းဖြည်းချင်းဖြစ်လာသည်။

ဂျော်ဂျီယာတက္ကသိုလ်မှ သုတေသီများ၏ လေ့လာတွေ့ရှိချက်အရ အဝလွန်ခြင်းသည် အသက်ကြီး လာသည့်အချိန်တွင် ထိုကဲ့သို့ သောလက္ခဏာများကို   ပို၍မြန်မြန်ဖြစ်လာစေနိုင်သည်ဟုဆိုသည်။   အလားတူ ဇီဝပြောင်းလဲမှုဖြစ်စဉ်များ၊ သွေးလှည့်ပတ်မှုနှင့် ရောင်ရမ်းမှုများသည်လည်း       ဦးနှောက်ကို အိုမင်းမှုနှင့် ဆက်စပ်နေသည့်သက်သေများ ပိုမိုတွေ့လာရသည်ဟု   အဆိုပါလေ့လာမှု က ဆိုသည်။

လေ့လာမှုကို ဦးဆောင်ခဲ့သော ဂျော်ဂျီယာတက္ကသိုလ် လူထုကျန်းမာရေးကောလိပ်မှ လက်ထောက် ပါမောက္ခ ဆုဟန်ဆုန်းက “လူတွေအနေနဲ့ သူတို့ရဲ့ ကိုယ်အလေးချိန်ကို ထိန်းနိုင်မယ်ဆိုရင် နောက် နှစ်နှစ်အတွင်းမှာ ဦးနှောက်ပိုင်းဆိုင်ရာကျဆင်းမှု သိသိသာသာနှေးသွားတာကို တွေ့ရပါတယ်။ ဒါကြောင့် အသက်ကြီးတဲ့အချိန်မှာ   ကောင်းကောင်းနေနိုင်ဖို့အတွက် ကိုယ်အလေးချိန်က အရေး ကြီးဆုံးတွေထဲက တစ်ခုဖြစ်နေတယ်ဆိုတာကို အလွယ်တကူမြင်နိုင်စေပါတယ်”ဟု   ရှင်းပြသည်။

အဆိုပါသုတေသနကို အသက် ၆၅ နှစ်အထက်   လူကြီးများနှင့်   ရှစ်နှစ်တိုင်တိုင် လေ့လာခဲ့ခြင်းဖြစ် ကြောင်းလည်း သိရသည်။

Ref: scitechdaily

No comments

Powered by Blogger.