အာဖဂန်ဒုက္ခသည် ၅၇၀၀ ကျော် မွေးရပ်မြေ အာဖဂန်နစ္စတန်နိုင်ငံသို့ ပြန်လည်ရောက်ရှိ
ကဘူး မေ ၂၀
အာဖဂန်ဒုက္ခသည် ၅၇၀၀ ကျော်သည် ၎င်းတို့၏ မွေးရပ်မြေ အာဖဂန်နစ္စတန်နိုင်ငံသို့
မေ ၁၉ ရက်က ပြန်လည်ရောက်ရှိခဲ့ကြောင်း သိရသည်။
ပြည်သူပေါင်း ၅၇၈၁ ဦးပါဝင်သော ဒုက္ခသည် မိသားစု ၁၀၇၇ ခုသည် အာဖဂန်နစ္စတန်သို့ ပြန်လည်ရောက်ရှိခဲ့ပြီး ၎င်းတို့အနက်မှ
၁၁၇၉ ဦးကို ၎င်းတို့၏ ဇာတိပြည်နယ်များသို့ ပို့ဆောင်ပေးခဲ့ကြောင်း ဒေသတွင်း မီဒီယာများက
ပြောကြားခဲ့သည်။
ကျန်ရှိနေသော ဒုက္ခသည်မိသားစုဝင်များကို
ငွေသား၊ ဆင်းမ်ကတ် များ၊ ဆေးဘက်ဆိုင်ရာ အကူအညီနှင့် အစားအသောက်ထောက်ပံ့မှုများ အပါအဝင်
လိုအပ်သောအကူအညီများပေးကာ ၎င်းတို့၏နေရပ်ပြည်နယ် များသို့ လွှဲပြောင်းပေးမည်ဖြစ်ကြောင်း
သိရသည်။
အာဖဂန်ဒုက္ခသည် ၂ ဒသမ ၅ သန်းကျော်သည် အိမ်နီးချင်း ပါကစ္စတန်နှင့် အီရန်နိုင်ငံတို့မှ
၂၀၂၅ ခုနှစ် အစောပိုင်းကတည်းက ၎င်းတို့၏ မွေးရပ်မြေသို့ ပြန်လာခဲ့ကြောင်း သိရသည်။
ကိုးကား -ဆင်ဟွာ
ဘာသာပြန်-အောင်ကျော်ကျော်

No comments