ဧရာဝတီတိုင်းဒေသကြီးအတွင်း သမဝါယမကဏ္ဍမိုးစပါးအချိန်မီစိုက်ပျိုးနိုင်ရေးဆွေးနွေး
ပုသိမ် မေ ၆
ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့တွင်
သမဝါယမကဏ္ဍအနေဖြင့် (၂၀၂၆-၂၀၂၇) မိုးစပါး စီမံကိန်း လျာထားဧကများ အချိန်မီစိုက်ပျိုးနိုင်ရေး
လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို တိုင်းဒေသကြီး သမဝါယမဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌
မေ ၆ ရက်က ကျင်းပသည်။
ဦးစွာ ဧရာဝတီတိုင်းဒေသကြီး သမဝါယမဦးစီးဌာနမှ
တိုင်းဒေသကြီးဦးစီးမှူး ဦးကျော်စိုးမင်းက အမှာစကားပြောကြားပြီး (၂၀၂၆-၂၀၂၇)မိုးစပါးစီမံကိန်း
လျာထားဧက ၃၅၀၀၀ အား အချိန်မီစိုက်ပျိုးနိုင်ရေး၊ တစ်ဧကအထွက်နှုန်း တိုးတက်စေရေး မြို့နယ်များအနေဖြင့်
အသင်းသားတောင်သူများ လိုအပ်သည့် မျိုးကောင်းမျိုးသန့်/သွင်းအားစု စာရင်းကိုပြုစု၍ အချိန်မီပံ့ပိုးပေးနိုင်ရေးတို့ကို
ညှိနှိုင်းဆွေးနွေးကြသည်။
ယခင်နှစ် မိုးစပါး ၃၂၆၂၆ ဧကအား စိုက်ပျိုးရေး၊
မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၏ နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့်
ဆောင်ရွက်ခဲ့ပြီး ယခုနှစ် မိုးစပါးလျာထားဧက ၃၅၀၀၀ အား စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်
ဆည်မြောင်းဝန်ကြီးဌာန၏ နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေရယူ၍ ပန်းတိုင်အထွက်နှုန်းပြည့်မီရေး
ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
မေချို

No comments