ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးသန်းစိုး ရွေးကောက်ပွဲတွင်အသုံးပြုခဲ့သည့် မြန်မာ အီလက်ထရောနစ် မဲပေးစက်များ ထိန်းသိမ်းထားရှိမှု ကြည့်ရှုစစ်ဆေး
နေပြည်တော် မေ ၄
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ
ဦးသန်းစိုးသည် ယနေ့မွန်းလွဲပိုင်းတွင် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင်
ဦးသန်းအောင်ကျော်၊ နေပြည်တော်ကောင်စီဝင်များဖြစ်ကြသည့် ဗိုလ်မှူးကြီးရဲမိုး၊
ဦးခင်မောင်လတ်တို့နှင့်အတူ ၂၀၂၅ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် ပြည်ထောင်စုနယ်မြေ
မြို့နယ်ရှစ်မြို့နယ်၌ အသုံးပြုခဲ့သည့် မြန်မာအီလက်ထရောနစ် မဲပေးစက် (MEVM) များအား ထိန်းသိမ်းထားရှိမှုနှင့် ခြောက်လတစ်ကြိမ်
စစ်ဆေးနေမှုများကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌသည်
ပြည်ထောင်စုနယ်မြေ မြို့နယ် ရှစ်မြို့နယ်၌ ၂၀၂၅ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် အသုံးပြုခဲ့သည့်
မြန်မာအီလက်ထရောနစ် မဲပေးစက်များအား သက်ဆိုင်ရာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများမှ
တာဝန်ရှိသူများ၊ ကျွမ်းကျင်သူနည်းပညာရှင် များဖြင့် စစ်ဆေးခြင်း၊
စစ်ဆေးတွေ့ရှိမှုများ ပြင်ဆင်ခြင်းလုပ်ငန်းများကို ကြည့်ရှုစစ်ဆေးပြီး
မဲပေးစက်များသည် ကြီးကြပ်ကန့်သတ်ပစ္စည်းများဖြစ်၍ ထိခိုက်ပျက်စီးမှုမရှိစေရေး
အီလက်ထရောနစ်မဲပေးစက် စစ်ဆေးထိန်းသိမ်းခြင်းဆိုင်ရာ လုပ်ငန်းလမ်းညွှန်ပါ
အချက်များဖြစ်သော အီလက်ထရောနစ်မဲပေးစက်များ စစ်ဆေးခြင်း၊ အီလက်ထရောနစ်မဲပေးစက်များထားသိုခြင်း၊
ဘက်ထရီများ ထားသိုခြင်း၊ လုံခြုံရေးအစီအမံများ၊ စစ်ဆေးပြီးစီးမှုများကို
ကော်မရှင်သို့ တင်ပြခြင်း စသည့်အချက်များအတိုင်း စနစ်တကျထားသိုထိန်းသိမ်းကြရန်နှင့်
ခြောက်လတစ်ကြိမ် ပုံမှန် စစ်ဆေးခြင်းများ အလေးထားဆောင်ရွက်ကြရန် မှာကြားခဲ့ကြောင်း
သိရသည်။
သတင်းစဉ်
No comments