ပြည်ထောင်စုဝန်ကြီး ဦးသန်းမောင် ပြည်ထောင်စုဥပဒေဆိုင်ရာ အထောက်အကူပေးရေး ဥက္ကဋ္ဌနှင့်အဖွဲ့အား တွေ့ဆုံ



နေပြည်တော် မေ ၄

 

တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းမောင်သည် ပြည်ထောင်စု ဥပဒေဆိုင်ရာ အထောက်အကူပေးရေးအဖွဲ့ဥက္ကဋ္ဌ ဦးမောင်မောင်ရွှေနှင့်အဖွဲ့ဝင် ဦးခင်ဇော်တို့အား ယနေ့မွန်းလွဲ ၃ နာရီတွင် ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ တွေ့ဆုံသည်။

 

တွေ့ဆုံစဉ် ပြည်ထောင်စုဥပဒေဆိုင်ရာ အထောက်အကူပေးရေးအဖွဲ့အနေဖြင့် တိုင်းရင်းသား လူမျိုးများရေးရာဝန်ကြီးဌာန၏ လုပ်ငန်းဆောင်တာများတွင် အတူတကွ ပူးပေါင်းဆောင်ရွက်ရေး၊ အပြန်အလှန် အထောက်အကူပြုရေးကိစ္စရပ်များကို ဆွေးနွေးကြသည်။

 

တွေ့ဆုံပွဲသို့ တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာန တိုင်းရင်းသားအခွင့်အရေးများ ကာကွယ် စောင့်ရှောက်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယအမြဲတမ်းအတွင်းဝန်နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

 

သတင်းစဉ်

No comments

Powered by Blogger.