မိုးညိုမြို့၌ သာယာဝတီဆေးရုံကြီးမှ အထူးကုဆရာဝန်ကြီးများ ကွင်းဆင်းဆေးကုသပေး

 


မိုးညို မေ ၇

 

ပဲခူးတိုင်းဒေသကြီး မိုးညိုမြို့ ပြည်သူ့ဆေးရုံ၌ ပဲခူးတိုင်းဒေသကြီး ကုသရေးဦးစီးဌာန၏ ရက်(၁၀၀)စီမံချက်ဖြင့် သာယာဝတီခရိုင် ဆေးရုံကြီးမှ အထူးကုဆရာဝန်ကြီးများပါဝင်သော အထူးကုဆေးအဖွဲ့များသည် မေ ၅ ရက် နံနက်ပိုင်းက ဆေးကုသခြင်းလုပ်ငန်းများ ကွင်းဆင်း ဆောင်ရွက်ပေးသည်။

 

ဆေးဝါးကုသမှု ဆောင်ရွက်ပေး

သာယာဝတီခရိုင်ဆေးရုံကြီးမှ ဆေးရုံအုပ်ကြီး ဒေါက်တာ စုလှိုင်ထွေး ဦးဆောင်၍ အထူးကုဆရာဝန်ကြီးများအဖွဲ့က မိုးညိုမြို့နယ်ကုသရေးဦးစီးဌာနမှူး ဒေါက်တာကျော်မိုး၊ ကုသရေးဝန်ထမ်းများ၊ ပြည်သူ့ကျန်းမာရေးဝန်ထမ်းများနှင့်အတူ မြို့နယ်ပြည်သူ့ဆေးရုံတွင် ပြည်သူ ၃၀၅ ဦးအား ကျန်းမာရေးစစ်ဆေး၍ ရောဂါများအလိုက်ဆေးဝါးကုသမှုလုပ်ငန်းများ ဆောင်ရွက်ပေးသည်။

 

အဆိုပါဆေးကုသမှုပေးရာတွင် အထွေထွေရောဂါပြသသူ ၇၃ ဦး၊ ခွဲစိတ်လူနာ ၁၀ ဦး၊ အရိုးအကြော ၁၀၂ ဦး၊ ကလေး ၂၆ ဦး၊ သားဖွားမီးယပ် ၂၀၊ တီဗီဓာတ်မှန် ၅၄ ဦး၊ သွားနှင့်ခံတွင်း ၂၀ တို့အား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ကိုမင်း(ပြန်/ဆက်)

No comments

Powered by Blogger.