တောင်ကိုရီးယားနိုင်ငံ၏ပို့ကုန်များ မေလ ပထမ ၁၀ ရက်အတွင်း ၄၃ ဒသမ ၇ ရာခိုင်နှုန်း မြင့်တက်
မေ ၁၂
တောင်ကိုရီးယား၏ပို့ကုန်များသည် ပြည်တွင်းထုတ် တစ်ပိုင်းလျှပ်ကူးပစ္စည်းများအတွက် ၀ယ်လိုအား မြင့်တက်လာခြင်းကြောင့် မေလ ပထမ ၁၀ ရက်အတွင်း ၄၃ ဒသမ ၇ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း အကောက်ခွန်ရုံး၏ အချက်အလက်များက ယမန်နေ့ကဖော်ပြထားသည်။
ကိုရီးယား အကောက်ခွန်ဌာန၏ ပြောကြားချက်အရ မေလ ၁ ရက်မှ ၁၀ ရက်အတွင်း ပြည်ပတင်ပို့မှု အမေရိကန်ဒေါ်လာ ၁၈ ဒသမ ၄၃ ဘီလီယံ ရှိကာ ယမန်နှစ်အလားတူကာလတူနှင့် နှိုင်းယှဉ်ပါက ၄၃ ဒသမ ၇ ရာခိုင်နှုန်း မြင့်တက်ခဲ့သည်ဟု သိရသည်။
၎င်းသည် ဖော်ပြထားသောကာလအတွင်း အမြင့်ဆုံးစံချိန်တင်ခဲ့ပြီး ၂၀၂၄ ခုနှစ်က စံတင်ခဲ့သည့် ဒေါ်လာ ၁၆ ဒသမ ၈ ဘီလီယံကို ကျော်လွန်သွားသည်ဟု သိရသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို

No comments