မူဆယ်မြို့၌ လူရည်ချွန်မောင်မယ် ကျောင်းသားကျောင်းသူများအား ဂုဏ်ပြုကြိုဆို
မူဆယ် မေ ၁၃
ရှမ်းပြည်နယ် (မြောက်ပိုင်း) မူဆယ်ခရိုင်မှ လူရည်ချွန်မောင်မယ် ကျောင်းသား ကျောင်းသူများအား ဂုဏ်ပြုကြိုဆိုပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် အထက-၂ ချယ်ရီဆောင်၌ ပြုလုပ်သည်။
အခမ်းအနားတွင် မူဆယ်ခရိုင် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေး ကော်မတီဥက္ကဋ္ဌ ဦးစန်းမင်းက ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားပြီး လူရည်ချွန်များအား ဂုဏ်ပြုငွေများကို မူဆယ်ခရိုင် အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက ပေးအပ်သည်။
မူဆယ်မြို့တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် လူရည်ချွန်အဖြစ် Grade-12 မှ တစ်ဦး၊ Grade-11၊ Grade-10 နှင့် Grade-9 တို့မှ နှစ်ဦးစီ စုစုပေါင်း ခုနစ်ဦးပေါ်ထွက်ခဲ့ကြောင်း သိရ သည်။
ခရိုင်(ပြန်/ဆက်)

No comments