ဘီဟာပြည်နယ်၌ ခရီးသည်တင်ရထားတစ်စင်း မီးလောင်မှုဖြစ်ပွား

 



နယူးဒေလီ မေ ၁၉


အိန္ဒိယနိုင်ငံ အရှေ့ပိုင်း ဘီဟာပြည်နယ်တွင် ခရီးသည်တင်ရထားတစ်စင်း ယမန်နေ့က မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း အရာရှိများက ပြောကြားသည်။


ခရီးသည်တင်ရထား၏ ရထားတွဲတစ်တွဲတွင် မီးလောင်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး မီးလောင်မှုကြောင့် ထိခိုက်ဒဏ်ရာရရှိခြင်း မရှိကြောင်း သိရသည်။ အဆိုပါဖြစ်စဉ်မှာ ဘီဟာပြည်နယ် မြို့တော်ပါ့တ်နာ၏ အနောက်ဘက် ၁၅၇ ကီလိုမီတာခန့်အကွာရှိ ဆာဆာရမ်ဘူတာရုံတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။


မီးလောင်မှုကြောင့် စင်္ကြံပလက်ဖောင်းပေါ်ရှိ ခရီးသည်များ အထိတ်တလန့်ဖြစ်ပွားခဲ့သည်။ ကနဦး စုံစမ်းစစ်ဆေးမှုများအရ လျှပ်စစ်ဝိုင်ယာရှော့ဖြစ်ပွားမှုမှတစ်ဆင့် မီးလောင်မှုဖြစ်ပွားနိုင်ကြောင်း သိရသည်။


ဆင်ဟွာ

No comments

Powered by Blogger.