ပေါင်မြို့နယ်၌ မူးယစ်ဆေးဝါးအသိပညာပေးဟောပြော
ပေါင် မေ ၄
မွန်ပြည်နယ် ပေါင်မြို့နယ်၌ မူးယစ်ဆေးဝါးအသိပညာပေ
ဟောပြောပွဲကို ယနေ့နံနက်ပိုင်းက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝါရီရူခန်းမ၌ ပြုလုပ်သည်။
ဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ
ဦးထင်လင်းအောင်က အမှာစကားပြောကြားပြီး အမှတ် (၆၂) မူးယစ်တပ်ဖွဲ့စု (သထုံ)မှ မူးယစ်တပ်ဖွဲ့စုမှူး
ရဲမှူးတင်ကိုကိုက စိတ်ကြွဆေးဝါးများကို သုံးစွဲခြင်းဖြင့် မိမိ၏ခန္ဓာကိုယ်အတွင်းရှိ
ကြွက်သားများပျက်စီးစေပြီး လူပါထိုင်းမှိုင်းစေလာနိုင်ကြောင်း၊ မူးယစ်ဆေးဝါးသည် မိမိကိုယ်တိုင်နှင့်
မိသားစုအပါအဝင် လူ့အဖွဲ့အစည်းတစ်ခုလုံးကို ပျက်စီးစေသည့် အဓိက အကြောင်းရင်းတစ်ရပ်ဖြစ်ကြောင်း၊
မူးယစ်ဆေးစွဲနေသူများအတွက် ကုသရေးနှင့် ပြန်လည်ထူထောင်ရေး စင်တာများသို့ ဆက်သွယ်အကူအညီတောင်းခံနိုင်ကြောင်း
ဟောပြောဆွေးနွေးသည်။
ထို့နောက် တက်ရောက်လာသူများက သိလိုသည်များကို
မေးမြန်းခဲ့ရာ တာဝန်ရှိသူများက ပြန်လည်ဖြေကြားပေးခဲ့ကြောင်း သိရသည်။
မွန်မလေး(ပြန်/ဆက်)

No comments